"နင်ဆီမှာကျောင်းသူကျောင်းသားတွေတိုးလာတယ်နော် "အကြောင်းမရှိစကားရှာကာပြောလိုက်ခြင်းပင်

မင်းစစ်မှူးနဲ့သူနဲ့ကငယ်ငယ်ကထည်ကခင်လာ တာဆိုပေမဲ့ ပုံမှန်သူ့ဘက်ကစကားစပြောလေ့မရှိတော့နည်း နည်းတော့ထူးဆန်းနေတယ်

"ဟုတယ်..ဘာပြောချင်လို့လဲ  ပြောလေ"

ပြောစရာစကားရှာမရတာကြောင့်"ဒါဘဲ"ပြောပြီးဖုန်းချလိုက်တယ်အမှန်ဆိုဖုန်းခေါ်စရာမလို ဘူးသိချင်ကိုယ်တိုင်သွားလဲရတာဘဲလေ လို့တွေးပြီဖုန်းချလိုက်ခြင်းပင်ဖြစ်သည်

တစ်ဘက်ကကောင်းမလေးပြုံးနေတာတော့သူဘယ်သိမှာလဲ

...................................

မနက်ရောင်ခြည်အလင်းရောင်လေးနဲ့အတူ ကျွန်တော်မျက်လုံးလေးကိုဖွင့်ကာနိုး လာခဲ့တော့တယ် ပုံမှန်လုပ်နေကျ အတိုင်းရေမိုးချိုး ပီးမနက်စာစားဖို့ထွက်လာခဲ့တယ် နောက်ကျောပြင်တာမြင်နေရတဲ့လူကို ပြေးဖတ်ပီ

" အမေ မွှေးလိုက်တာ "ပြောကာထမင်းစားပွဲပေါ်ဝင် ထိုင်လိုက်သည်

"အမေကနေကောင်းပြောက်ပြီလား နေမကောင်းဘူးဆိုရင် ထမင်းတွေထချက်မနေနဲ့ ဖြစ်သလိုစားလဲ ရတယ် "

ထိုအခါညီမဖြစ်သူထောက်ခံတယ်ဆိုအမူအရာနဲ့ခေါင်းငြိမ့်ပြသည်

"အေပါ...စားပီရင်ကျောင်းသွားတော့ " သားနဲ့သမီးကိုခေါင်းလေပုတ်ကာပြောတော့ နှစ်ယောက်လုံးပြုံး၍ရည်ပြနေတယ် ချစ်စရာလေးဖြစ်သည်

အမေကိုနှုတ်ဆက်ပီးနှစ်ယောက်လုံးထွက်လာခဲ့တယ် အိမ်နဲ့ကျောင်းကနီးတော့ လမ်းရှောက်ပီးသွားလို့ရတယ် ဆိုးတာကတော့ ကျုရှင်သွားရတာဘဲ ကျူရှင်ကဝေးတော့လာတာနောက်ကျရင် ပြေးကပြေးရသေးတယ်  ပုံမှန်ဆိုဆရာမက ကျောင်းမှာကျူရှင် သင်ပင်မဲ့ စားမေးပွဲကြီးနီးကပ်လာသောကြောင့် အိမ်ကိုညနေထိခေါ်သင်ခြင်းဖြစ်သည် ကျောင်းကို ညီမဖြစ်သူနဲ့အတူသွားရလို့မပြင်း  ကျူရှင်အတန်းကျတော့တစ်ယောက်ထဲပြန်လား ရတယ် ညီမဖြစ်သူက မူလတန်းဖြစ်သာကြောင့် အိမ်အရင်ပြန်တော့  တစ်ယောက်ထဲဖြစ်နေ  သူကတော့ကျူရှင်မတက်လည်းပြသာနာမရှိ ကျွန်တော့်အတွက်ကတော့မဖြစ်ဘူးလေ ၁၀တန်းရောက်နေပြီ ဒါကြောင့်တက်ရမည်ဖြစ်သည်

ကြိုးWhere stories live. Discover now