Friend Zone Or Brother Zone

Start from the beginning
                                    

"ဟုတ်ပါပြီကွာ ထားလိုက်ပါတော့"

"ဟုတ်! ဒါနဲ့ ကိုကိုက ဘာလို့ဒီလာတာလဲ"

"သြော် ဟုတ်သား မေ့တော့မလို့ ညနေကျဒီမှာပဲ စောင့်နေဦး အတူတူပြန်မယ်လို့"

"ဟုတ်ကဲ့ ကျွန်တော်စောင့်နေပါ့မယ်"

"ဟုတ်ပြီ ဒါဆို သွားတော့မယ်"

"ဟုတ်"

ထွက်သွားတဲ့ကျောပြင်လေးကိုလိုက်ငေးရင်းဟယ်ချန်းတစ်ယောက်တည်းကျန်ခဲ့မိပါသည် သိပ်မကြာလိုက် ဟယ်ချန်းရဲ့သူငယ်ချင်း
ဂျယ်မင်းပါရောက်လာခဲ့သည်

"ဟိတ်ကောင်!! အီဟယ်ချန်း!!

"ဘာလဲကွာ"

"မင်းအတန်းမတက်တော့ဘူးလား တစ်နေ့တစ်နေ့ ဒီကော်ဖီဆိုင်ပဲလာပြီးအကြာကြီးထိုင်နေတော့တာပဲ"

"နားငြီးတယ်နော် နာဂျယ်မင်း! ဘာဖြစ်လဲငါ့ဘာသာငါထိုင်ချင်ထိုင်မှာပေါ့"

"ဒီအရူးကောင် အီဟယ်ချန်းကတော့လေ"

ပါးစပ်ပိတ်နေကွာ အခုအတန်းတက်ဖို့လာခေါ်တာမလား သွားမယ်လေ နာဂျယ်မန်း"

ဟယ်ချန်းပြောချင်တာပြောပြီးတစ်ချိုးတည်းလစ်ပါတော့သည် ဂျယ်မင်းက သူ့ကိုနာဂျယ်မန်းလို့ခေါ်ရင်အရမ်းမုန်းသည်လေ

"ဘာကွ!! အီဟယ်ချန်း!မင်းသေဖို့သာပြင်ထားမပြေးနဲ့!!"

"မှီအောင်လိုက်ပေါ့ နာဂျယ်မန်းရဲ့ ဟားဟား"

ဟယ်ချန်းနဲ့ဂျယ်မင်းကအဲ့လိုမျိုးမတည့်အတူနေသူငယ်ချင်းအရင်းတွေဖြစ်ကြသည် နှစ်ယောက်လုံးကပြောမနာဆိုမနာတွေဖြစ်ကြပြီးတစ်ယောက်အကြောင်းကိုတစ်ယောက် ခရေစေ့တွင်းကျသိကြပါသည် ယုတ်စွအဆုံးဟယ်ချန်း မင်ဟျောင်းကိုချစ်နေတာကိုရောပေါ့

"တစ်နေ့ တစ်နေ့ စာတွေပဲသင်နေရတာပင်ပန်းလိုက်တာကွာ"

"စာမသင်ချင်ရင် အတန်းလာတက်မနေနဲ့လေ အီဟယ်ချန်းရဲ့"

"မင်းကတော့လေ နာဂျယ်မင်း မင်းစာတော်တိုင်း"

"ငါက စာတော်တယ်လို့လည်းမဟုတ်ပါဘူး ဒီတိုင်းစာကိုစိတ်ဝင်စားလို့သေချာလိုက်လုပ်ရုံပါပဲ"

You've reached the end of published parts.

⏰ Last updated: Sep 22, 2023 ⏰

Add this story to your Library to get notified about new parts!

Friend Zone Or Brother Zone (One Short)Where stories live. Discover now