သူ့အပေါ်ကိုဟာရုတိုကဘယ်လိုသဘောထားနေခဲ့တာလဲ။အခုလိုမျိုးသူ့စိတ်တိုင်းကျကြမ်းရမ်းပစ်နေတာ၊သိပ်စိတ်ကုန်စရာကောင်းသည်။ဂျွန်ဂယူဝမ်းနည်းလွန်းတာမို့အသံထွက်တဲ့အထိငိုချမိလိုက်တော့တယ်။

"ဟင့်!!"

"ကျနော့်ကိုကြည့်စမ်း!!ဒီပွဲကိုအကိုအရင်စခဲ့တာ အကိုစခဲ့တဲ့ပွဲကိုအဆုံးသတ်မဲ့လူကဟာရုတိုဆိုတဲ့ကောင်ပဲရှိတယ်"

နံရံမှာကျောကပ်နေတဲ့ဂျွန်ဂယူမှာငိုရလွန်းလို့ ဂျွတ်တွေထိုးကာနှာခေါင်းတရှုံ့ရှုံ့။

"မှတ်ထားလိုက် အခုကစပြီးတော့အကိုကကျနော့်အပိုင်ပဲ"

"မင်းကစောက်ရူးပဲဟာရုတို!!"

ဂျွန်ဂယူရှိစုမဲ့စုအားလေးနဲ့အော်လိုက်တော့ ဟာရုတိုကတဟားဟားနဲ့အော်ရီလေတယ်။
ထို့နောက်ကျလာတဲ့မျက်ရည်တွေကိုတချက်ဖိသုတ်လိုက်ရင်း...။

"ဟုတ်တယ်ရူးနေတာ အကို့ကြောင့်ကျနော်ရူးသွားတာ"

"အာ့တာကြောင့်အကိုကျနော့်အပေါ်တာဝန်မမဲ့နဲ့ ကျနော့်ကိုဂရုမစိုက်ပဲနေလို့မရဖူး"

မျက်ရည်တွေလျှံကျလာတဲ့ဟာရုတိုကဂျွန်ဂယူအားရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး အသံထွက်တဲ့အထိငိုကြွေးနေမိတော့တယ်။

သူဒီခေါင်းဝါလေးကိုဘယ်လောက်ချစ်မိခဲ့သလဲဆိုတာကိုနားလည်ပေးရင်ကောင်းမည်။သူနဲ့ဝေးရမည်ဆိုတဲ့အတွေးအားတွေးမိလိုက်ရုံနဲ့ပင်ပူလောင်ရပါတယ်ဆိုမှ အမှန်တကယ်ပင်ဟာရုတိုနဲ့ဝေးရာကိုထွက်ပြေးဖို့ကြိုးစားနေခဲ့တော့ရင်ဘတ်ကြီးတခုလုံးကွဲထွက်တော့မည့်အတိုင်းပင်။

အာ့သလောက်အထိကိုသူ့ဘက်ကစတင်လေးနက်လာပြီဆိုမှဂျွန်ဂယူဟာသူ့အပေါ်ကိုရက်စက်ချင်သေးသည်။

ဂရုစိုက်ခံရတဲ့ခံစားချက်၊အတူရှိနေစဉ်ကရခဲ့တဲ့ပျော်ရွှင်မှုအစရှိတာတွေကို သဘောရှိပြန်သိမ်းချင်တိုင်းသိမ်းလို့ရနိုင်မည်တဲ့လား။

"ကျနော်အကို့ကိုချစ်တယ် ဟင့်~ ကျနော့်ကိုထားမသွားပါနဲ့ ကျ~ကျနော်ကြောက်လို့ပါ"

My Harukyu, My OTP( one shot collection)Hikayelerin yaşadığı yer. Şimdi keşfedin