Chapter 62

7.7K 441 11
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 62

သူရဲ့ဇနီးလေးက ဇတ်ကြောတက်တယ်ဆိုတာကြောင့် Mine မှာလည်း ရှေ့နေကနေ အနိပ်သည်ဘဝရောက်ကာ မွေ့ယာပေါ်မှာ သူမကအရှေ့ထိုင်နေပြီး သူကအနောက်ကနေ ဇာတ်ကြောဆွဲပေးနေရသည်။ဇတ်ကြောကမတက်ပဲနေပါ့မလား အချိန်ပြည့်ဖုန်းပဲကိုင်နေတာကို။အဲ့တာကိုလည်း သူမကိုပြောပြီး ဆရာကြီးမလုပ်ရဲ။မဟုတ်ရင် သူကိုအိမ်ပေါ်ကဆင်းတော့မယ်ဆိုပြီး ပြောမှာလေ။

"ဖုန်းတွေအာရုံစိုက်ကြည့်မိတာနဲ့ ဇတ်ကြောတက်တော့တာပဲ စိတ်ညစ်တယ်"

"ဖုန်းကငုံကြည့်ရတော့ အာရုံကြောကိုထိခိုက်တာပေါ့ ပူတူးရဲ့"

သူမက ဖုန်းကြည့်လို့ဖြစ်တာကို နှုတ်ကပြောလာတယ်ဆို သူကလည်းအနည်းငယ်လျော့ကြည့်အောင်လို့ ပြောရသည်။မဟုတ်ရင် ကလေးမွေးပြီးတဲ့အခါ ဇတ်ကြောတက်တာကြီးကတစ်သက်လုံးပါသွားမှာကိုတော့သူမလိုချင်။သူမပုခုံးတွေကို နိပ်သာနိပ်ပေးနေရတာ အားပါသွားမှာကိုလည်း သူမှာသေချာအာရုံစိုက်နေရသည်။

"နိပ်တာကညောင်းနေပြီလား တော်တော့လေ"

"ကိုယ်ကရပါတယ် ပူတူး မင်းသာအဆင်ပြေဖို့အရေးကြီးတယ်"

ဆိုကာ သူမပုခုံးလေးကနေ ကျောလည်လေးကိုပါ နိပ်ပေးနေမိသည်။သူမကလည်း သူနိပ်တာက ကောင်းတယ်ဆိုးတယ်မပြောပဲငြိမ်နေပြီး သူဖတ်ဖို့ပြောထားတဲ့ စာအုပ်ကိုသာဖတ်နေသည်။

"ရှင် ကလေးထိန်းရတာဝါသနာပါလား"

ကလေးထိန်းတာကို ဝါသနာပါလားမေးတဲ့ သူမကိုရီချင်ပင်မဲ့ ကိုယ်ယူထားတာလေးက မိသားစုလက်ထဲ ကလေးတစ်ယောက်လိုနေခဲ့ရသူမို့ သူအဲ့တာကိုနားလည်ပေးရမည်လေ။

"ကလေးထိန်းတာ ဝါသနာပါလားဆိုတာမျိူးတော့မရှိပင်မဲ့ ကိုယ်ကလေးကြတော့ထိန်းတာက ဝါသနာပါလ်ု့မဟုတ်ကြဘူးလေ ပူတူးရဲ့.....ကိုယ့်သွေးကိုယ်သားမို့ ချစ်ကြတာ....သူစိမ်းကလေးကိုပါ ချစ်တက်တယ်ဆိုရင်တော့ ကလေးချစ်တက်တာကိုပြောတာ"

"သူများတွေတစ်ယောက် နှစ်ယောက်မွေးတာတောင် မိဘတွေမှာမျက်တွင်းတွေချိူင့်နေကြတာ ဆောင်းတို့ဆိုရင်တော့ တစ်ညလုံးအိပ်ရပါ့မလား"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now