>>>>>><<<<<<

ဆေးရုံ၏ နား​နေ​ဆောင်​ထဲတွင်​ မြန်​မာဝတ်​စုံကို ၀တ်​ထားပြီး ကျက်​သ​ရေရှိသည့်​ အမျိုးသမီးကြီးတစ်​ဦးနှင့်​ ဆရာဝန်​ဂျူတီကုတ်​၀တ်​ထားသည့်​ ​အမျိုးသားတစ်​ဦးသည်​ မျက်​နှာချင်းဆိုင်​ ထိုင်​​နေကြ၏...။

"အဲ့​ပန်း​က ဘာအဓိပါယ်​လည်း ကွာပါ(Ca pa)..."

ယောဟန်​​မည်​သို့ ​ဖြေရမည်​မသိ...။...​​ပန်း​တွေကို ​ဆေးရုံကိုမပို့ဖို့ ​ပြောထားပါရက်​နဲ့ မ​ရောက်​​ရောက်​​အောင်​ပို့သည်​...။...ယခု ဆိုင်းမဆင့်​ဘုံမဆင့်​ ​ရောက်​လာသည့်​ ​နိုး(Nuu)​သည်​ ပန်း​စည်းအား ကိုယ်​တိုင်​ပင်​ ကိုင်​​ဆောင်​ကာ ​ယောဟန်​၏ နား​နေခန်းထဲသို့ ​ရောက်​လာခဲ့သည်​...။
_______________
AN// နိုး(Nuu)ဆိုတာက ချင်းလိုအ​မေလို့​ခေါ်တာဖြစ်​ပြီး ကွာပါ(Ca pa)က သားလို့​ခေါ်တာဖြစ်​သည်​။
______________

နိုး(Nuu) ဒီအထိ​ရောက်​လာပြီ ဆိုမှ​တော့ ​ကောင်​​လေးရဲ့အ​ကြောင်း​တွေ သိနှင့်​ပြီလား။...​​ယောဟန်​ သက်​ပြင်း​မော​တွေ လွှတ်​ထုတ်​ရင်း သင့်​​တော်​မည့်​ ဆင်​ခြင်​အား စဉ်းစား​နေရသည်​...။...လူနာမှ ​ကျေးဇူးတုန့်​ပြန်​သည်​ဟု ​ဖြေဖို့စဉ်းစားမိ​ပေမယ့်​ ​ယောဟန်​လိမ်​ရမှာကို နှုတ်​မှမရဲ​ပေ...။...​ကောင်​​လေး​ကြောင့်​ ​ယောဟန်​ဘ၀က ​တော်​​တော်​ခက်​ခဲလှပြီ...။

"ဟို ​နိုး(Nuu) အဲ့တာက..."

"​အင်း! ​ပြော ကွာပါ(Ca pa)..."

"အဲ့တာက ကျွန်​​တော့်​ကို ပိုးပန်းတဲ့အ​နေနဲ့ ​ပေးတဲ့ပန်းပါ..."

နိုး(Nuu)က ​မျက်​​မှောင်​တစ်​ချက်​ကျုံ့သွား​ပေမယ်​ ဘာမှ​တော့ထပ်​​ပြောမလာ...​​ခေါင်းငုံ့ကာ လက်​၁စုံအား ဖျစ်​ညှစ်​​နေမိသည့်​ ​ယောဟန်​အား ကြည့်​ပြီးမှ စကားတစ်​ချို့အား ​ဆိုလာ၏...။

"​​ခုလထဲမှာ ​မင်္ဂလာပွဲလုပ်​ဖို့ ​နိုး(Nuu)တို့စဉ်းစားထားတယ်​...သားဘက်​က ​နားရက်​ယူဖို့နဲ့ ပြင်​ဆင်​စရာရှိတာ ပြင်​ရ​အောင်​ ​လာ​ပြောတာ...သမီးခ-တို့ ဘက်​ကလည်း မင်္ဂလာပွဲလုပ်​ဖို့ ​ပြော​နေတာကြာပြီ...​နိုး(Nuu)​ပြောတာ သား နားလည်​ပါတယ်​​နော်​..."

No one but you(မင်းမှမင်းပဲ)Season2[ongoing]Onde histórias criam vida. Descubra agora