စောင်လုံးကြားထဲက ပြန်ထွက်ကာ ကုတင်ဘေးကစာပွဲအံဆွဲကိုဖွင့်လို့ သူ့ဓာတ်ပုံတွေကို တတိယအကြိမ်ကြည့်ပြန်တယ်...
အိပ်ရာပေါ်လှဲလျောင်းရင်း တစ်ပုံချင်းရဲ့အချိန်ကာလတွေ အခိုက်အတန့်တွေကိုပြန်စဥ်းစားတယ်....
အကိုကအရမ်းဟန်ဆောင်ကောင်းတာပဲ...
ညကျမှ အတင်းဇွတ်မေးပြီးစနောက်ဖို့ သူစိတ်ကူးတယ်...

Album ကိုရင်ဘတ်မှာပွေ့ပိုက်လို့ ဖြူလွလွမျက်နှာကျက်ကိုကြည့်ရင်း သူမျက်လုံးတွေမှေးစင်းလာတယ်...

ပတ်ဝန်းကျင်တစ်ခုလုံးဖြူလွလို့ အဲ့ဒီအဖြူရောင်တွေကြားထဲကနေ အကိုက သူ့ဆီကိုပြေးလို့လာနေတယ်...
အကိုက အဖြူရောင်Suit ကိုဝတ်ထားပြီး ရင်ညွှန့်မှာနေကြာပန်းရင်ထိုးကို ထိုးထားတယ်...
သူ့လက်မှာလက်စွပ်တစ်ကွင်းရှိနေပြီး အကိုက အဲ့ဒီလက်စွပ်ကို အနမ်းပေးရင်း ကိုယ်တို့မခွဲတော့ဘူးလို့ပြောတယ်...
သူသိပ်ပျော်လိုက်တာလေ...
ကျွန်တော်လေ... အကို့ကို သိပ်ချစ်ရတာပဲ....

.
.

တစ်အိမ်လုံးတိတ်ဆိတ်နေလို့ပဲ...

"ရိပေါ်.."

လှုပ်ရှားမှုမရှိ... ပြန်ဖြေသံမကြားရ...
သူခေါင်းနပန်းကြီးသွားကာ လက်ကပစ္စည်းတွေကြုံရာချလို့ ရိပေါ်ကိုရှာရတယ်...
ဧည့်ခန်းထဲမရှိ... Video player စက်နားမှာ​တော့ သီချင်းCD ချပ်တွေပြန့်ကျဲနေတာတွေ့ရတယ်...
မီးဖိုခန်းကစားပွဲပေါ်မှာ မနက်က သူပြင်ဆင်ပေးခဲ့တဲ့အစားအသောက်တွေဟာ အကုန်ပြောင်စင်နေရဲ့...
အိပ်ခန်းတံခါးဖွင့်လိုက်တော့ တွေ့ပါပြီ...

ကုတင်ပေါ်မှာ ခြေလက်ဆန့်လို့အိပ်မောကျနေတဲ့ကောင်ကလေး...
ရိပေါ်ဘေးမှာသူ့အဝတ်အစားတွေရှုပ်ပွနေပြီး ကန်ချခံထားပုံရတဲ့စောင်ဟာ ကုတင်အောက်မှာပုံကျလျက် လက်တစ်ဖက်ကတော့ ဓာတ်ပုံAlbum လေးကို မလွတ်တမ်းပွေ့ဖက်ထားလေရဲ့...

ရိပေါ်ကိုမြင်မှ ပင်ပန်းလာသမျှပြေပျောက်သွားပြီး ပူပန်နေတဲ့စိတ်တွေအေးချမ်းသွားတော့တာရယ်...
ဘေးနားထိုင်လို့ ဆံစပြာပြာလေးတွေကိုပွတ်သပ်မိတော့ အိပ်ပျော်နေရင်းမှပင် ကြောင်ကလေးလိုသူ့လက်ဆီတိုးဝှေ့သေးတာ...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now