အပိုင်း (52)

Start from the beginning
                                    

ထို့ကြောင့် ပုံမှန်အားဖြင့်တော့ နတ်သူငယ်တစ်ယောက်က သွေးစုပ်ကောင်တစ်ယောက်နှင့်တွေ့လျှင် အသက်အန္တရာယ်က သိပ်မစိုးရိမ်ရပေ။

ထို့အပြင်ချီပိုင်ချာက သာမန်နတ်သူငယ်မဟုတ်ပေ။ သူ့သွေးကိုစုပ်လျှင် သူကပြန်လည်တိုက်ခိုက်မည်။ သူက သူ့ကို ယဉ်ကျေးစွာမမေးလျှင် သူကလည်း ကြမ်းတမ်းစွာပြန်တုံ့ပြန်ရလိမ့်မည်။

ဖူမင်ယယ်က ချီပိုင်ချာ အနားကနေဖြတ်သွားသည်။

သူက အေးအေးဆေးဆေး သာသာယာယာ ဖြတ်သွားခြင်းဖြစ်သည်။

မသိလျှင် ပယ်ရီကိုသတ်တာ သူမဟုတ်သလိုလို။ သူသာ လူသတ်သမားမဟုတ်လျှင် သူအသက်ရှင်နေတာကိုမြင်ရတာ အတော်လေးအံ့သြပေလိမ့်မည်။

ချီပိုင်ချာ ယုတ္တိကျကျတွေးလိုက်သည်။

အကယ်၍ သူသာ ရန်လိုတတ်သောသွေးစုပ်ကောင်မဟုတ်ပါက သူနှင့်စကားပြောလို့ ရနိုင်လောက်သည်။ တကယ်တော့လည်း နှင်းနတ်ဘုရားက အကြမ်းဖက်မှုကိုမနှစ်သက်၊ ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးသူမို့
အကြမ်းနည်းသုံးပြီး ပြဿနာရှင်းရတာကိုလည်းမကြိုက်ပေ။

ကျောက်တုံးပေါ်တွင်ထိုင်နေသော သိမ်မွေ့နူးညံ့သည့် လှပသောနှင်းနတ်သူငယ်လေးကနေရာမှထလာကာ ယဉ်ကျေးစွာမေးလိုက်၏။ “ကျွန်တော် ဒီတောထဲမှာလမ်းပျောက်နေလို့ ကျွန်တော့်ကို ခေါ်သွားပေးလို့ ရမလား?”

ဖူမင်ယယ်အနောက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်သည်။

သူလည်းလမ်းပျောက်နေတာလား?

ဒါဆို အသုံးမဝင်ဘူးပေါ့။

ထို့ကြောင့် ချီပိုင်ချာခမျာ သူ့ထံသို့တည့်တည့်လာနေသည့်သူက ဘာမှမကြားခဲ့သလို လမ်းကြောင်းပြောင်းသွားတာကို သူ ကြည့်နေရတော့သည်။

သူလုံးဝကို လျစ်လျူရှုခံလိုက်ရပြီ။

ချီပိုင်ချာ: “…..”

သူ ချက်ချင်းထလိုက်သွား၏။

တစ်ခြားတစ်ယောက်နောက်ကို လိုက်ရသည်က ဦးတည်ချက်မရှိလျှောက်သွားနေရတာထက်တော့ သာသည် မဟုတ်ပါလား။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့်လက်ထပ်ပြီးနောက် (Book 2)Where stories live. Discover now