' ဘယ်လို !!!! ၃ ခါလေးကို သား က သူ့ကို ချစ်နေတယ်။ သူကလည်း သား ကို ပြန်ချစ်နေပြီပေါ့ ...။ ခေတ်ထက်တောင် မြန်နေပါကောလား ...။'

ရှောင်ပါး လည်း သူ့မိန်းမ ပြောတာကို လက်ခံသည်။ အဲ့ဒါကြောင့် ...

' သား သူ့ကို ချစ်နေတယ်ဆိုတာ ဘယ်အတိုင်းအတာထိကို ပြောတာလဲ ...။ ၃ ခါလောက်ပဲ မြင်ဖူးပြီး ချစ်နေပါတယ်ဆိုတာကတော့ ဆုံးဖြတ်ချက် ချတာ အရမ်းမမြန်နေဘူးလား ...။'

' မမြန်ဘူး ဆိုတာက သူကလည်း သား လိုပဲ ယောကျာ်းလေး ဖြစ်နေလို့ပါ။ ဒီခေတ်မှာ ယောကျာ်းလေး အချင်းချင်း ၊ မိန်းကလေး အချင်းချင်း ချစ် ကြိုက်ကြတာ မထူးဆန်းဘူး ဆိုပေမယ့် မြင်မြင်ချင်း ချစ်ကြတာတော့ အဲ့ဒီ တစ်ယောက်ကို တကယ် လက်ခံနိုင်လို့ပဲ လို့တော့ သား ယူဆချင်တယ်။'

' ဒါဆို မားမား တို့ရဲ့ သား သမီး ၄ ယောက်ထဲမှာ ကြားထဲက နှစ်ယောက်ကတော့ ကိုယ်ချစ်တာကို ယူ ကြမယ်ပေါ့။'

ရှောင်မား သူ့သား အလတ် ကို ပြောပြီးမှ ထမင်း စားနေတဲ့ သူ့သားငယ်ကို ကြည့်လိုက်ပြီး ...

' သားငယ် ကရော မားမား ကို ယောကျာ်းလေးပဲ ခေါ်လာပေးအုံးမှာလား။'

' မခေါ်ပါဘူး။ သား က ယောကျာ်းလည်း မယူဘူး။ မိန်းမ လည်း မယူဘူး။ မားမား နားမှာပဲ တစ်သက်လုံး နေမှာ။'

' ပြောသာပဲ ...။'

' မားမား မယုံရင် စောင့်ကြည့်ပေါ့ ...။'

ရှောင်းကျန့် ပါး နဲ့ မားမား ကို သေချာ ထပ်ကြည့်လိုက်ပြီး ...

' ပါး ၊ မားမား ... သား ချစ်နေတယ် ဆိုတဲ့ တစ်ယောက်က သား ထက် ၆ နှစ် ငယ် တယ်။'

ရှောင်မား ဒီတစ်ခါတော့ လက်ထဲက တူကို ချ မိသွားသည်။

ရှောင်ပါး လည်း စားနေတာကို ရပ်သွားတယ်။

' သူ့နာမည်က ဝမ်ရိပေါ်။ Wang Group က ပါ။ ပြီးတော့ သူက အခုမှ တက္ကသိုလ် ကျောင်းသား ပဲ ရှိသေးတယ်။'

' ကျန့်ကျန့် ရယ် ဘယ်လိုလုပ် ကလေး ကို သွားကြိုက်ရတာလဲ ...။ သူက အခုမှ ကျောင်းတက်နေတုန်းဆိုတော့ ကျောင်းမှာဆို ကောင်မလေး ချောချောလေးတွေကို နေ့တိုင်း မြင်မှာပဲ။ အဲ့ဒါကို သား ကို သူက အတည် သဘောကျနေတာလို့ ဘယ်လို သေချာပြောရဲတာလဲ ...။'

Lucky no.16 Change to no.6  ( Completed )Where stories live. Discover now