ဆိုင်ရောက်တော့
"ဟဲ့ မေမီမ ကြားသားနဲ့မိုးကြိုး မျက်စိလည်လမ်းမှားပီးရောက်လာတာလား"
"မဟုတ်ဘူး ငါအိမ်ပေါ်ကဆင်းလာတာ"
"ဘာ နင်ကလား"
"အေ ဟုတ်တယ် လုံးဝပြန်မသွားနိုင်ဘူး"
"နေပါဦး ဘယ်ကနေဘယ်လိုဖြစ်ရတာတုန်း
အန်တီကရန်ရှာတာတော့မဟုတ်လောက်ဘူး
နင်ပဲဘာတွေကောက်ပီးဆင်းလာတာတုန်း""နင်ပဲစဉ်းစားကြည့်ဟာ "
ဖြစ်ခဲ့သမျှကိုပြောပြလိုက်တော့ မြတ်တဟားဟားနှင့်ထရယ်တော့သည်
"နင်ကကလေးလား ကြောင်တောင်တောင်နဲ့
အခုလက်မခံသေးလဲ နောက်လက်ခံလာမာပေါ့
ဖြည်းဖြည်းချင်းပြောပေါ့ဟ ခုလဲတစ်အိမ်ထဲမာတူတူနေနေတာပဲကို ပီးတော့အန်တီနင့်ကိုဘယ်ေလာက်ချစ်လဲဆိုတာလက်စွပ်ကသက်သေပဲလေဟယ်
နင့်ကိုစိတ်မချလို့တဲ့ဆိုင်တောင်မလာဘူးလေ""ဒါပေမယ့်ဟာ နင်ပဲစဉ်းစားကြည့်လေ"
"တော်ပါတော့ဟယ် ဟိုကချစ်မှန်းသိလို့နင်ဆိုးမနေနဲ့ စဉ်းစားရမာငါမဟုတ်ဘူး နင် နင် "
"တော်ပါ ဘာပဲဖြစ်ဖြစ်ငါတော့ပြန်မသွားနိုင်ဘူး"
"ပြန်မသွားတော့နင်ကဘယ်မာနေမာလဲ"
"ဟဲဟဲ ချစ်ရတဲ့မြတ်ကလေးရဲ့အိမ်မာနေမာပေါ့လို့"
"ဟွန်း ဟွန်း မပြောလိုက်ချင်ဘူး
ဒါနဲ့နင်စားပီးပီလား""ဟဲဟဲ"
ရှိသမျှသွားအကုန်ဖြဲပြရင်း"အစောကြီးထလာ ဘားမမစားရသေးဘူး"
"ဖြစ်ရမယ် လာ နေ့လည်တောင်ရောက်တော့မယ်
တော်ကြာဗိုက်နာနေမယ် ""အ့တာတွေကြောင့်ချစ်နေရတာ"
"ရုပ်ကိုကစပ်ဖြီးဖြီးနဲ့"
အသက်ဆိုင်ထိုင်ရင်နေနေကြအခန်းလေးထဲကို
မြတ်ကခေါ်သွားပီး ထမင်းချိုင့်များဖွင့်ကာ"စားစား နင်ကံကောင်းသွားတယ် ငါဒီနေ့အပိုထည့်လာလို့"
မေမီအားရဝမ်းသာထမင်းစားရင်း
မျက်ရည်များဝဲတက်လာသည်
YOU ARE READING
မောင့်အိမ်သူသက်လျာ(Completed)
Romanceအမျိုးသမီးနှစ်ယောက်ရဲ့ချစ်ခြင်း (ပထမဆုံးရေးတဲ့ ficလေးမို့လိုအပ်ချက်လေးတွေ နားလည်ပေးပါဦးနော်)
Final
Start from the beginning