He Call Me Mg's<3

Beginne am Anfang
                                    

ငါကားမှန်ကနေတစ်ဆင့်မြင်နေရသော ရက်ကွက်က အထဲမှာခြံကျယ်ကျယ် တိုက်ကြီးကြီးတွေရှိသော လူချမ်းသာရက်ကွက်တစ်ခု။

Gemini တို့ဒီလောက်ထိ ချမ်းသာမှန်းသူမသိခဲ့ပါ၊
ထိုနောက် ကားက အဖြူရောင်အိမ်အကြီးကြီးဆီသို့ဦးတည်သွားညေသည်။

အိမ်ကြီးရဲ့ဘေးကထောင့်မှာလည်း ရေကူးကန်ကြီးတစ်ခုဖြင့်၊ သုံးထပ်တိုက် အိမ်ကြီးက အတွင်းမှာလည်းအတော်ကျယ်လှမည့်ပုံ။

ကားကို အိမ်နဲ့သပ်သပ်စီခွဲထားသော ဂိုဒေါင်အတွင်းသို့ထည့်ရင် ပြီးမှငါတို့လည်း ဆင်းလေသည်။

ငါ့မျက်စိတောင် ငါလုံးဝမယုံပါ၊ မြက်ခင်းစိမ်းစိမ်း၊ ရှည်လွန်းကြီးလွန်းလှသော သစ်ပင်ပန်းပင်များကြားမှာ ထီးထီးကြီးမြုတ်နေသည့် အိမ်အဖြူကြီးက စံအိမ်ပုံစံနဲ့ပင်။

"ဒါအဖေ့ အိမ်တက်လက်ဆောင်"

ဟု Gemini အဖေကပြောကာ စောနကကားရဲ့သော့ကို Gemini စီပစ်ပေးလိုက်လေသည်၊ Gemini ကလည်းနှုတ်ခမ်းထောင့်တစ်ဖက်ကွေးညွှန့်သွားအောင် ပြုံးပြလိုက်လေသည်။

ငယ်ငယ်ကတည်းက အဖေမရှိသည့်ငါ့အဖို့တော့ အရမ်းသဘောကျမိလေသည်၊ အားကျစရာသိပ်ကောင်းတာပဲ။

"မေမေ့ အိမ်တက်လက်ဆောင်ကတော့ သား Fotfot လေးအတွက် ဒီအိမ်ကြီးနော်, Gemini ကိုမကျေနပ်တာရှိရင် ခြံထဲတောင်ပေးမဝင်နဲ့"

ငါ့အခြေအနေကို ရိပ်စားမိပုံရသည့် Geminiအမေကငါ့ကို ဖက်ကာပြောလာသဖြင့် ငါလည်းပြန်ဖက်ကာ ပြုံးမိလိုက်သည်။
လူဂုဏ်တန်ဖြစ်တာကြောင့် မာနကြီးမယ်ထင်ထားသောလည်း Gemini ရဲ့မိသားစုက ငါထင်ထားထားတက်ကိုပင် ငါ့အပေါ်ကောင်းလေသည်။

ငါအိမ်ထဲရောက်တော့ ပိုလို့တောင်အံ့သြမိလေသည်၊
အလွန်တရားမှ ကျယ်လွန်းကာဖြူဖွေးသန့်ရှင်းနေသောအိမ်ကြီးထဲမှာ အစေခံတွေကအယောက် 20 လောက်တောင်ရှိလေသည်။

"ဒီအထုတ်တွေကို ငါ့သားအခန်းထဲထည့်လိုက်နော်"

ငါ့အထုတ်တွေကို Gemini အခန်းရှိရာအပေါ်ထပ်သို့ ယူသွားသည့်အခါ ငါတုတ်လှုပ်သွားလေသည်၊
ငါတို့က တစ်ကုတင်ထဲတူတူအိပ်ရမှာလား....။
မဖြစ်ဘူးနော် ငါတော့လုံးဝမအိပ်နိုင်ဘူး။

My fiancéWo Geschichten leben. Entdecke jetzt