"မောင် မောင်နိုးလာပီလားဟင် မောင်တို့လက်ကိုဆွဲလိုက်တာ တို့ရှိတယ်နော် မောင့်နားမာတို့ရှိတယ်"
မောင့်ကိုပြန်ကြည့်လိုက်တော့ မျက်လုံးလေးကိုအတင်းအားယူပီးဖွင့်နေသည် ပီးတော့ သက်ကိုသေချာကြည့်နေသည် စကားတော့တစ်ခွန်းမှမဟပေ
ဆရာဝန်တွေရောက်လာပီး စစ်ဆေးစရာရှိတာတွေစစ်ပီး မလိုတော့သညိ့ဆေးပိုက်များအားဖြုတ်ပေးကြသည် မောင်ကတော့ဆရာဝန်မေးတာတွေကို အသံတိုးတိုးလေးနှင့်ဖြေနေသည်
သက်ဝမ်းသာလွမ်းလို့ စကားတောင်မပြောနိုင်ပေ
မောင့်ကိုကြည့်ရင်း မျက်ရည်တွေသာကျနေသည်
မောင်သတိရလာကြောင်း ကိုနိုင်မျိုးမှစိုင်းတို့အားဖုန်းဆက်လိုက်ပီးတော့ သွန်းကိုပါဖုန်းဆက်ပေးရန်ပြောလိုက်သည်ဆရာဝန်က
"အားလုံးပုံမှန်ပါပဲ တစ်ခုပဲ လူနာကိုလမ်းလျှောက်ဖို့တော့ပြန်ကျင့်ပေးရလိမ့်မယ်
တခြားတော့စိတိပူစရာမရှိတော့ပါဘူး
ကျွန်တော့တို့ကိုခွင့်ပြုပါဦးနော်"ဆရာဝန်ထွက်သွားတော့
သက်မောင့်ဘေးနားသွားလိုက်ပီး"မောင်အဆင်ပြေလားဟင် နာနေတဲ့နေရာတွေရှိသေးလား တစ်ခုခုအဆင်မပြေတာရှိရင်တို့ကိုပြောနော် "
မောင်ကသက်ကိုသေချာကြည့်ရင်း
သူ့ဘယ်ဘက်ရင်ဘတ်အားလက်ညိုးထိုးပြရင်း"ဒီထဲကနာတာ"
"တို့တောင်းပန်ပါတယ်မောင်ရယ် တို့တောင်းပန်ပါတယ်"
ပြောရင်းငိုချမိသည်မေမီနိုးလာလာချင်း အရင်ဆုံးမြင်လိုက်တဲ့မျက်နာလေးကြောင့်တကယ်ပျော်မိသည် ဒါပေမယ့်တစ်ပြိုင်ထဲဝမ်းနည်းသွားရသည် မေမီမသေဘူးပဲ အသက်လက်ထပ်ပီးသွားပီလား အသက်ကိုဦးငယ်ရင်ခွင်ထဲမာတွေရတော့မာလား။ မေမီနိုးမလာခဲ့သင့်ဘူး
မေမီကိုတောင်းပန်ရင်းငိုနေတဲ့အသက်ကိုကြည့်ရင်း
"အသက် လက်ထပ်ပီးသွားပီလား"
ငိုနေတဲ့ကြားကနေ လက်စွပ်ဝတ်ထားတဲ့လက်ကလေးကိုထောင်ပြရင်း
"တို့လက်ထပ်ပီးသွားပီမောင်"
"ဘာ"
"မနေ့ကမှလက်ထပ်ပီးတာ"
YOU ARE READING
မောင့်အိမ်သူသက်လျာ(Completed)
Romanceအမျိုးသမီးနှစ်ယောက်ရဲ့ချစ်ခြင်း (ပထမဆုံးရေးတဲ့ ficလေးမို့လိုအပ်ချက်လေးတွေ နားလည်ပေးပါဦးနော်)
Part 15
Start from the beginning