Chapter 58

8.3K 420 8
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 58

"ကိုနေ မိန်းမကမမိုက်ပါဘူး ဗျာ....ကိုယ့်ယောကျာ်းပြောတာကြ နားမထောင်ပဲ ကောက်နေတာကြီးက"

သူများကိုသာဆရာကြီးလုပ်တာပါ ကိုယ်ပူတူးကြအချိန်တိုင်းစိတ်ကောက်နေတာကိုတော့ သူပူတူးကအငယ်မို့ဆိုးတာဖြစ်ကြောင်းဖြည့်တွေးရသည်။ကိုနေ မိန်းမကကိုယ့်ထက်ငယ်တဲ့ယောကျာ်းရထားတာတောင်ရစ်နေတာ။

"မင်းကသူ့ယောကျာ်းရှေ့လာပြီး သူ့အတင်းပြောနေတာလား"

"ကျွန်တော်ကဖြစ်သင့်တာကိုပြောတာပါ...ဒါနဲ့ chef လိုချင်တာရတယ်မဟုတ်လား...မြန်မာပြည်မှာ အကူအညီတောင်းစရာဆိုလို့ အစ်ကိုပဲရှိတာ"

တကယ်တက်လည်းတက်နိုင်တဲ့ကောင်။ရှေ့နေဆိုတဲ့အတိုင်း သူများကူညီချင်အောင်လည်းပြောတက်တယ်။ဒါပင်မဲ့ အချစ်ရေးအချစ်ရာမှာတော့ သူကိုမမှီသေးတာကခတ်တာ။

"အေးပါကွာ လိပ်စာ​ကိုငါကို emailကနေပို့ထားလိုက် chef ကို မနက်ပိုင်း နဲ့ ညနေပိုင်းလွှတ်ပေးမယ်"

ကိုနေက chef လွှတ်ပေးမယ်ဆိုတာကို သဘောတူလိုက်တာနဲ့ သူကထိုင်နေရုကထပြီးမက်တပ်ရပ်လိုက်တာကြောင့် နေမင်းလက်ရာ ကသူ့ကိုမော့ကြည့်တာမို့....

"ကျွန်တော်ပြန်တော့မယ် အစ်ကို ဆေးရုံမှာပူတူးကိုထားခဲ့ရတာ....အန်တီတို့ကဆူနေမှာဆိုးလို့"

"ငါထထိုးလိုက်ရင်မင်းတော့ သေတော့မယ်....တော်တော်ကောင်းတဲ့ကောင် သူလိုချင်တာလည်း ရရောချက်ခြင်းကို ထပြန်ဖို့ပြင်တာပဲ....ငါကမပြန်ဖို့ပြောရင်လည်း ကိုယ့်မိန်းမနဲ့အဆင်မပြေတိုင်း စိတ်ပုတ်တယ်ဖြစ်ဦးမယ် ကြွ"

ကိုနေစကားကြောင့် သူမှာတကယ်လည်းအားနားသွားရသည်။အားနာတယ်ဆိုတာကလည်း စိတ်ကသာအားနာနေတာ လူက ကိုနေရုံးခန်းအပြင်​ေတာင်ရောက်နေလေပြီ။

သူလည်းကိုနေ Hotel ကနေထွက်လာပြီးတော့ သူမစားဖို့အတွက်စင်တာမှာ မုန့် နဲ့ ပဲနို့ဘူးတွေဝင်ဝယ်ရင်း ပဲရစ်ကနေဘာအဝတ်အစားမှမပါလာတာမို့ အဝတ်အစားလဲဝယ်ရသေးသည်။သူမ နဲ့သူအတွက်လိုအပ်တာလေးဝယ်ပြီး ဆေးရုံပြန်လာတော့ သူမကဆေးအရှိန် နဲ့ အိပ်ပျော်နေတာကို သူမမိဘတွေက ဆိုဖာပေါ်ထိုင်ကာစောင့်နေတာကြောင့် သူလည်းပါလာတာတွေကို လွတ်နေတဲ့နေရာမှတင်ကာ သူမ နိုးမလာခင် ဆရာဝန်နဲ့သွားတွေ့ဖို့ သူမမိဘတွေကို ခေါင်းတစ်ချက်သာငြိမ့်ပြပြီးထွက်လာလိုက်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤जहाँ कहानियाँ रहती हैं। अभी खोजें