"မင်းတော်တော့စိုင်း ငါထပ်ထိုးမိတော့မယ်"

"တောင်းပန်ပါတယ် တီလေးတောင်းပန်ပါတယ်စိုင်းရယ် တီလေးကြောင့်ပါ"

သက်စိတ်ထဲတွင်

"မောင်ရယ်  ဒီတစ်ခါတော့တကယ်ဝေးကြပီ
မောင်နဲ့တကယ်ခွဲရပီ"





ဖွားကဖုန်းလဲသိမ်းထားသောကြောင့်ဘယ်သူနဲ့‌မှအဆက်အသွယ်မရှိတာ၃ရက်ရှိခဲ့ပီ
မေမီလဲ3ရက်လုံးဘားမ မစားမသောက်ပဲနေသည် ဖွားကလုံးဝလျှော့မည့်ပုံမပေါ်ပေ
4ရက်မြောက်နေ့မှာတော့ အန်တီမြင့်က

"သမီးလေးထပါဦးကွယ် တစ်ခုခုထစားနော်
ဒီတိုင်းကြီးနေလို့မရဘူးလေကွယ် 14ရက်နေ့ကျရင် သမီးဦးငယ်မဂ်လာဆောင်ရှိတယ်လို့ဖွားကပြောသွားတယ် ပြင်ဆင်စရာရှိတာပြင်ထားတဲ့"

"အော် ဖွားတို့ကနောက်ဆုံးထိမေမီဖက်ကိုမကြည့်ဘူးပဲ"

"ရော့သမီးလေး "

အန်တီမြင့်ကမ်းပေးတာကိုကြည့်လိုက်တော့
ရွှေရောင်ဖိတ်စာလေးပင် မေမီလေးပင်စွာယူကြည့်လိုက်တော့

မောင်‌နိုင်မျိုးနှင့်နန်းခိုင်သက်လျာတဲ့

မေမီဖိတ်စာကိုနာကျင်စွာကြည့်ရင်း
မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာသည်

"သမီးလေး မနက်က စိုင်းနဲ့မြတ်ရောက်လာသေးတယ် သူ့တီလေးကစာပေးခိုင်းလိုက်လို့တဲ့"

ပြောရင်းလက်ကိုင်ပဝါလေးနဲ့ထုပ်ထားတဲ့စာလေးကိုလှမ်းပေးသည်

စာထဲတွင်

"မောင်

     အဆင်ပြေနေတဲ့မောင့်ဘဝထဲ

ကိုတို့ဝင်လာခဲ့မိတာတို့ရဲ့အမှားပါ မောင့်အိမ်သူ

အနေနဲ့မဟုတ်ရင်တောင်မှ မောင်နဲ့အနီးဆုံးမာ

တို့နေနိုင်အောင် တို့ဒီလမ်းကိုရွေးလိုက်တာပါ

မိသားစုတွေအနေနဲ့ပဲထပ်တွေ့ရအောင်မောင်

            မောင့်ရဲ့အသက်"

စာကိုဖတ်ပီးမေမီက

"အန်တီမြင့် မေမီကိုအပြင်ခနပေးထွက်ပါလားဟင်"

"မရပါဘူး သမီးလေးရယ် တခြားဟာပြောပါနော်"

မောင့်အိမ်သူသက်လျာ(Completed)Where stories live. Discover now