ခုံပေါ်ကို ကြည့်တော့ စာအုပ်နဲ့ ဖုန်းပဲ ရှိတာကြောင့် ဘာနဲ့မှ ကောက်ပေါက်လို့ မရပါ။ စာအုပ်က သူ့ အားနဲ့ဆို အနောက်ထိ ရောက်မှာ မဟုတ်လို့ပင်။

သူ ဖြစ်နေတာကို ကျောင်းသူ တစ်ယောက်က မြင်သည်ထင် ထ ရပ်လာသည်။

' ဆရာမ ... သမီး အော် ပေး ရမလား။'

' အေး ... အော် လိုက်စမ်းပါ။ အကုန်လုံး အရှေ့ကို ထွက်လာလို့ ...။'

' ဟုတ် ...။'

ကျောင်းသူ ကလည်း ဆရာမ ရဲ့ ခွင့်ပြုချက်ရတာနဲ့ ငယ်ငယ်က သူ့ မောင်လေး ညီမလေး ကို ဆရာမ လုပ်လာခဲ့တဲ့ လေသံ အတိုင်း အော် ပါတော့သည်။

' ဟိုအနောက်က ၆ ယောက် အခုချက်ချင်း လက်ထဲက ဖုန်း ကိုင်ထားတာကို ချပြီး အရှေ့ကို ထွက်လာပါ။'

သူ့အသံ တကယ်ပဲ အောင် ပါတယ်။

အနောက်မှာ ဖုန်းနှိပ်နေကြတဲ့ ယောကျာ်းလေး ၆ ယောက်လုံး ခေါင်းတွေ မော့ လာကြတာ သက်သေပဲ။

ဆရာမ လည်း ဖုန်းတော့ ဆက်မနှိပ်တော့ပေမယ့် သူတို့ကို ဘာလို့ ခေါ်လို့ ခေါ်မှန်း မသိကြသေးတဲ့ ကလေးတွေကို ကြည့်ပြီး ...

' ကြောင်ကြည့်မနေပဲ အရှေ့ကို ထွက်လာခဲ့။ မင်းတို့ ဖုန်းလည်း တစ်ခါတည်း ယူလာကြ။'

အဲ့တော့မှ အနောက် ကောင်လေးတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး သူ ထွက် ငါ ထွက်နဲ့ တွတ်ထိုးကြတယ်။

သူတို့ ၆ ယောက် သူ သွား ငါ သွား လုပ်နေတုန်း ဆရာမ ဆီက အသံ ထပ်ထွက်လာပြန်သည်။

' ဟိုအစွန်ဆုံးက တစ်ယောက် ... မင်း နာမည် ဘယ်သူ ???.'

' ဝမ်ရိပေါ် ပါ ဆရာမ ...။'

ဘယ်သူမှ မဖြေရသေးခင် ခုန အခေါ်ခံရတဲ့ ၆ ယောက်ထဲက တစ်ယောက် အမြန် ထ ဖြေလာတယ်။

သူသာ နာမည် ပြောလိုက်ရင် ခေါ်ခံရတဲ့ထဲ လွှတ် မလားဆိုတဲ့ စိတ်လေးနဲ့ပေါ့။

' ဟျောင့် ... မင်း ကို ဘယ်သူ ပြောခိုင်းလို့လဲ ...'

ရိပေါ် သူ့ သူငယ်ချင်းကို တံတောင်နဲ့ တွက်ရင်း ပြောနေတုန်း ...

' အေး ... ဝမ်ရိပေါ် ... ငါ ကြားထားတာ ၆ ယောက်ထဲမှာ မင်း ခေါင်းဆောင် လုပ်တာဆို။'

Lucky no.16 Change to no.6  ( Completed )Where stories live. Discover now