Present For My Panda ♡.

Start from the beginning
                                    

စကားတောင်မဆုံးသေး မီးဖိုချောင်ထဲသို့ ပြေးဝင်သွားသည့် ရှောင်းကျန့်ကြောင့် ရိပေါ်က ဟွန့်ဟူသည့် အသံလေးနှင့်အတူ လက်ပိုက်ကာရယ်လိုက်သည်။

" ဒယ်ဒီကညစာငတ်မှာကို အသေကြောက်တုန်းနော် ပါး နေ့တိုင်းကျွေးနေတာလား "

" အဲ့တာမင်းမေးစရာလား "

ဒေါက်!

ရိပေါ်သည် အရင်နှင့်မတူစွာ လက်သန်အရမ်းပြောင်လာလေသည်။

" အာ့ ပါးဗျာ ကျွန်တော်တောင် ငယ့်ကိုအမြဲလုပ်တယ် နော့် ငယ် "

အာ့

ရိလင်သည် မျက်နှာလေးတွေ ရဲတက်သွားပြီး ရိလင်၏ဗိုက်အား လှမ်းရိုက်လေသည်။

" ငယ်ကလည်းကွာ "

" ဒယ်ဒီ့ကိုလုပ်ကူလိုက် ကိုကို သွား "

ရိလင်အား ဒွန်းသည် တွန်းကာ မီးဖိုချောင်ထဲသို့ထည့်လေသည်။ ရိပေါ်တို့မိသားစုလေးသည် သိပ်ကိုပျော်စရာကောင်းနေဆဲပင်။ ဒွန်းလေး၏ မိခင်ဖြစ်သူကိုတော့ Switzerland နိုင်ငံသို့ အလည်အပတ်သွားရန် ရှောင်းကျန့်တို့ဘက်မှ စီစဉ်ပေးခဲ့သည်။

##########

Xiaozhan နှင့် ရိလင်တို့ သားအဖသည် Company တစ်ခုတည်းတွင် အလုပ်လုပ်နေကြသည်။ သားအဖနှစ်ယောက်၏ အရှိန်အဝါကြောင့် မည်သည့် အခက်အခဲကိုမဆို ခနလေးနှင့် ဖြေရှင်းနိုင်ကြသည့်အပြင် နာမည်ပျက်ပက်မရှိပဲ ကျော်ကြားခဲ့သည်။ သားဖနှစ်ယောက်လုံးသည် လက်ထက်ပြီးသော်လည်း ယခုချိန်ထိ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေဆဲပင်ဖြစ်သည်။ အမြဲရှောင်းကျန့်နှင့် ရိလင်ကို ကြူးချင်သူများမှာ ပုံလျက်။

" ရှောင်းကျန့် နဲ့ ရိလင်ဆိုတာလားရှင့် "

" သိသိရက်နဲ့ မေးပြီး ဘာလုပ်မလို့တုန်း "

ရိလင်သည် မျက်မှောင်များအား စုကြုံ့လျက် ပြန်ဖြေသည်။ ရှောင်းကျန့်ကတော့ မျက်နှာထား တည်လျက်ပင်။

" အာ ဟီး ဟို ဒီလိုပါ "

" ကျစ်! "

ပြောမယ့်စကားဟာ လိုရင်းမရောက်သည်မို့ ရှောင်းကျန့်နှင့် ရိလင် အပြိုင် စုပ်သတ်မိသည်။ ထိုမိန်းကလေးကလည်း လန့်သွားသည်ထင် မျက်လုံးများပွင့်လိုက်ပိတ်လိုက်နှင့် ထပ်ပြောလာလေသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now