"ချစ်တာပေါ့ ငါ"

စိုင်းကကြားထဲကနေ
"ထားလိုက်ပါတော့မြတ်ရာ မေမီစိတ်ရှုပ်သွားမယ်"

မျက်ရည်တွေသုတ်ရင်းမြတ်က

"ငါငိုလဲမငိုတော့ဘူးနော် မေးခွန်း‌ေတွလဲမမေးတော့ဘူး ဒါမယ့်လာတိုင်းအတွေခံရမယ်နော်"

"အွန့်ပါ နင်ငိုရင်မလှပါဘူးဆိုနေမှ ခနခနငိုနေတော့တာပဲ ကြောင်ချီးအိုးရုပ်နဲ့ ဒါလားQueen"

"နင်နော်"
ပြောပီးနှုတ်ခမ်းကြီးထော်နေတဲ့မြတ်ကို
မေမီဝိုင်းစကာ သုံးယောက်လံုးရယ်နေကြတော့သည်

"သူမကောအဆင်ပြေနေရဲ့လား"

မေမီမေးတာဘယ်လဲဆိုတာအားလုံးသိတာပေါ့
စိုင်းက
"ပြေပါတယ် အရင်တိုင်းပဲ "

"တော်သေးတာပေါ့"

မေမီ့ကိုစိတ်မကောင်းသလိုကြည့်နေကြပီသည်

____-----____-----____-----------__________---------

နောက်နေ့မနက်တွင်
မေမီ ကျောင်းသွားရန်ပြင်လိုက်ပီး
ဦးငယ်အခန်းထဲဝင်ကာ

"ဦးငယ် မေမီ့‌ကိုကျောင်းလိုက်ပို့ပေးပါလား"

"ကျောင်းသွားတော့မာလားသမီးလေး နေရောကောင်းရဲ့လား မျက်နာလဲမလန်းသေးပဲနဲ့
နားပါဦးလားသမီးလေးရယ်"

"မေမီကျောင်းပျက်တာများနေလို့ပါဦးငယ်"

"အွန့်ပါ ခနပဲစောသ့်ဦးငယ်လိုက်ပို့မယ်နော်"

မေမီဦးငယ်ကိုတကယ်အားနာမိသည် မေမီအပေါ်ဒီလောက်ကောင်းပေးတဲ့ ဦးငယ်ရဲ့ချစ်သူနဲ့မှဖောက်ပြန်မိတယ်လို့တွေးရင်းကို့ကိုယ်ကိုအပြစ်တင်‌ေနမိသည်
ဒါပေမယ် အသက်ကိုလက်လွှတ်ဖို့လဲခက်သည်
အသက်သာမေမီနဲ့တကယ်ဝေးသွားရင်မေမီသေလိမ့်မည်

ကျောင်းတွင်

မေမီအခန်းထဲရောက်တော့ သွန်းကဘယ်ကနေဘယ်လို ရောက်လာမှန်းမသိ မေမီ့ကိုနဖူးလေးစမ်းလိုက် သက်ပြင်းချလိုက် ကါးတွေကိုကိုင်ကြည့်လိုက်လုပ်နေသည်
မေမီမကြိုက်ပေမယ့် ငြင်းဖို့အားမရှိပါ
ထိုချိန်တွင်မြတ်တို့ရောက်လာပီး

"မေမီအဆင်ပြေရဲ့လား "

မြတ်ကမေးတော့

"လူကပြေပါတယ်"

မောင့်အိမ်သူသက်လျာ(Completed)Where stories live. Discover now