အပိုင်းတစ်

Start from the beginning
                                    

ယင်းပုဂ္ဂိုလ်သည် အထက်ပါ ကားကြီး၏ ပိုင်ရှင်ပင်အစစ် ဖြစ်ပေလိမ့်မည်။

……

လုယုံတစ်ယောက် အထက်တန်းကျောင်းတုန်းကနှင့် အကွာကြီးကွာ၍ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။

အထက်တန်းကျောင်းတုန်းက လုယုံသည် ရှုပ်ပွပွနှင့်ပင်။ အထက်တန်း ပထမနှစ်ကပင် သူ့အရပ်က ၁၇၈ စင်တီမီတာ ( ၅ပေ ၁၀လက်မကျော်ကျော်) မျှပင်ရှိနေချေပြီ။ ထို့အပြင် မိသားစုလုပ်ငန်းကို ကူညီပေးရသူဖြစ်ရာ အသားအရေမှာ ညိုရစ်ရစ် ကြမ်းရှရှဖြင့်သာ။ ဤသို့ပင်မက ခြေဆစ် လက်ဆစ်များမှာလည်း အလွန်တရာ ကြီးမားသန်မာသည့်အပြင် အရိုးထူထူနှင့် ထွားကျိုင်းလှပုံမှာ သားရဲကောင်များနှင့် နင်လား ငါလားပင်။  သူ၏ လစ်လပ်နေသော လက်တစ်ဖက်မှာလည်း သားရဲသရုပ်ကို ဖြည့်စွက်နေသယောင်ပင်ဖြစ်နေပေ၏။ 


ရှန်းဝမ့်ချုံးသည် လုယုံငယ်စဉ်က ဆင်းရဲသည့် အခြေခံလူတန်းစား မိသာစုတစ်ခုမှသာဖြစ်ကြောင်းကို ကောင်းကောင်းမှတ်မိနေသေးသည်။ သူ့(လု)တွင် အဝတ်အစား နှစ်စုံ သုံးစုံမျှသာရှိပြီး။ ယင်းကိုပင် အရောင်မှိန်သည်အထိ ထပ်ခါတလဲလဲ လျှော်ဖွတ် လဲလှယ်ဝတ်ဆင်ရလေသည်။ စုတ်ဖွာနေသည့် အင်္ကျီလက်ဖက်များနှင့် အောက်ခုံပါး၍ ကွာနေသည့် ရှူးဖိနပ်များကလည်း သူ့ရဲ့ ချွတ်ခြုံကျနေသည့် ဘဝကို ညွှန်းဆိုပေးနေလေသည်။

သို့ပေသော်လည်း ယခုတွင်မူကား အထက်တန်းစား suitနှင့် ‌လယ်သာရှူးကို ဝတ်ဆင်ထားသည့် လုယုံအသွင်မှာ ခံ့ညားတင့်တယ်လှပေသည်။ ရှည်လိုက်သည့် အရပ်ကြီးမှာလည်း သံမဏိချောင်းကြီး ထောင်ထားသည့်ဟန်ပင်။

သူသည် အချိန်အတော်ကြာ ကြီးပွားချမ်းသာပြီး ဂုဏ်သရေရှိသူတစ်‌ဦးအဖြစ်သို့ ရောက်ဟန်တူသောကြောင့် ယခုဆိုလျှင် ယခင်ကကဲ့သို့ ချောကလက်ခဲကြီးသဖွယ် မည်းမှောင်မှောင် ဖြစ်မနေတော့ချေ။
သူ့‌အသား‌အရေသည် ပို၍ ဖြူဝင်းလာကာ ကျန်းမာသည့် အသားအရောင်ပင် ဖြစ်နေပေပြီ။ ယခင်ကတည်းက ထူထဲနက်မှောင်လှသော မျက်ခုံးတစ်စုံသည် ယခုတွင်မူကား  ပို၍ ထူထဲနက်မှောင်လာပုံပင်။ ယခုတွင် လုယုံ၏  ခံ့ညားချောမောသော အသွင်အပြင်မှာ မြင်သူငေးလောက်စရာပေတည်း။  သို့ပေသည့် သူ၏ပုံစံမှာအေးစက်စက်နှင့် ဘာသိဘာသာပင်။ မရမ်းသွေးအရောင် မျက်လုံးထောင့်စွန်းနှင့်  တင်းတင်းစေ့ထား‌သည့် နှုတ်ခမ်းတို့ကြောင့် သူ့၏ပုံစံမှာ 'မကျူးကျော်ရ' ဟု စာတန်းချိတ်ဆွဲထားဟန်ပင်ဖြစ်နေသည်။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now