ဦးငယ်က မေမီသိပ်ချစ်ရတဲ့အမျိုးသမီးကိုဖက်ထားပီး နဖူးကိုခပ်ဖွဖွနမ်းလိုက်သည်

စိုင်းမှမေမီလက်ကိုဆွဲကာ

"လာခဲ့မေမီ စာရင်းတစ်ခါထဲသွားရှင်းမယ်"

မြတ်ကဝင်တားပီး

"မဟုတ်သေးဘူး ခေါင်းအေးအေးထားပီးစဉ်းစားဦး ငါတို့မသိတာတွေများနေပီ မေမီနင်ဒေါသကိုရှေ့တန်းမတင်နဲ့ မသိသလိုနေပီး အန်တီ့ဘက်ကရှင်းပြချက်ကိုနားထောင်ပေးလိုက်ဦး"

ထိုအခါမှစိုင်းက
"ငါ့တီလေးဖြစ်နေပါစေ သစ္စာမရှိရင် ငါမုန်းတယ် ငါ့ကိုထည့်မတွက်နဲ့ လုပ်စရာရှိတာသာလုက်မေမီ"

"တော်တော့စိုင်း နင့်အထင်နဲ့အသက်ကိုမစွပ်စွဲနဲ့ဦး"
မေမီဝင်ပြောလိုက်မှစိုင်းကစိတ်လျှော့သွားတော့သည် မေမီ့တွက်မေးခွန်းတွေများနေပီ
မေမီထင်သလိုမဟုတ်ပါစေနဲ့လို့ပဲရေရွတ်ရင်း
ဘားမမဖြစ်သဘိုဟန်ဆောင်နေရတယ်

ထမင်းဝိုင်းတွင်တိတ်ဆတ်လျက်
မေမီတို့သုံးယောက်မှာတော့ထမင်းသိပ်မစားပေ
မြတ်ကမေမီလက်ကိုမလွှတ်ပဲကိုင်ထားပီး စိတ်လျှော့ရန်သာတိုးတိုးလေးပြောနေသည်
စားသောက်ပီးသွားတော့
ဦးငယ်မှ
"ခြံထဲဆင်းပီးစကားလေးဘာလေးပြောကြအောင်လေမေမေ"

ခြံရှေ့စားပွဲဝိုင်းတွင်
ကော်ဖီနှင့်မုန့်ကိုအန်တီမြင့်ကအသင့်ပြင်ပေးထားတာကြောင့်အကုန်လုံး ခြံရှေ့သို့ထွက်လာကြပီး  ရုတ်တရက်ဦးငယ်က

"မေမေ သားပြောပြောနေတဲ့သားချစ်သူဆိုတာ
ဒီကနန်းလေတဲ့"

သွားပီ မေ့မီမျှော်လင့်ချက်တွေ ပန်းတိုင်တွေ
အားလုံးပျက်စီးသွားပီ မြတ် လေးလေးနဲ့အန်တီမြင့်တိုမှာ မေမီကိုသနားသလိုကြည့်နေကြပီး
စိုင်းကတော့ဒေါသထွက်ကာမျက်နာကြီးတစ်ခုလုံးနီရဲနေသည်

မေမီအားတင်းကာ အသက်မျက်လုံးကိုစေ့စေ့ကြည့်ရင်း

"ဦးငယ်ပြောတာအမှန်ပဲလား အန်တီခိုင်သက်လျာ"

"အသက်ရယ်ငြင်းလိုက်စမ်းပါ မောင်ကအသက်လက်ဆွဲပီးချက်ချင်းထထွက်သွားပစ်မာ အသက်ကမောင့်အပိုင်ဆိုတာ အော်ပြောပစ်မာ
မောင်သိပ်မြတ်နိုးရတဲ့ပမျိုးသမီးကိုမောင်ယုံတယ် အသက်ကမောင့်ကိုပဲချစ်တာ"
မေမီစိတ်ထဲတွင်ထိုစကားတွေကိုသာ အထပ်ထပ်ပြောနေမိတော့သည်

မောင့်အိမ်သူသက်လျာ(Completed)Where stories live. Discover now