🛑🛑part 6🛑🛑

ابدأ من البداية
                                    

နေ့လည်ရောက်တော့ ဦးငယ်တစ်ယောက် ခရီးထွက်ရန်အဝတ်‌ေတွပြင်နေပြန်သည်
မေမီလဲဦးငယ်အခန်းထဲဝင်ကာ
ဦးငယ်အဝတ်များကူထည့်ပေးရင်း

"ဦးငယ်ရယ် အိမ်မာလဲကြာကြာနေပါဦးလားဟင်
မေမီက ထပ်လွမ်းရပြန်ဦးမယ်"

"ပီးတော့ ဦးငယ်ဒီတစ်ခေါက်ပြန်လာတာ မျင်နာလဲသိပ်မကောင်းဘူးနော် စိတ်ညစ်စရာတွေရှိလို့လား မေမီ့ကိုပြောလေနော်"

ဦးငယ်ကသက်ပျင်းရှည်ကြီးချပီး

"ဦးငယ်လူတစ်ယောက်ကိုချစ်မိသွားတယ်ကွယ်"

"အော် ဦးငယ်ကလဲဘာများလဲလို့ ချစ်ပေါ့
မေမီကဦးငယ်ကို ကိုယ်ပိုင်မိသားစုဘဝလေးနဲ့မြင်ချင်တာ မေမီ့အတွက်အရမ်းမတွေးပါနဲ့"

"ကျေးဇူးတင်ပါတယ် သမီးလေးရယ် ဒါမယ့်
ဦးငယ်ချစ်သူကအခုဘယ်ရောက်နေမှန်းတောင်မသိပါဘူးကွယ်"

"ဟင် ဦးငယ်လူကြီးကလဲ"

"ဟုတ်တယ်သမီးလေးရဲ့ UKမာတွေ့ကြတာ
သူလဲမြန်မာပဲ သိပ်ကိုမြန်မာဆန်တဲ့မိန်းအတစ်ယောက် ဒါမယ့် အကြောင်းပြချက်မရှိဦးငယ်ကို
ထားခဲ့တာ"

ပြောရင်းဦးငယ်တစ်ယောက် မျက်ရည်များပိုးပိုးပေါကပေါက်ကျလာသည်

"အော် ဦးငယ်ရယ် အခုပြန်တာသူ့ကိုပြန်ရှာဖို့လား"

"ဟုတ်တယ်သမီးလေး ဒီကိုပြန်လာတာလဲသူ့ကိုရှာဖို့ပဲ သူကပဲအပုန်းကောင်းနေတာလား
ဦးငယ်ကပဲ မရှာတတ်တာလားတော့မသိတော့ပါဘူးကွယ်"

"အချစ်စစ်မှန်ရင်ပြန်ဆုံမာပါဦးငယ်ရဲ့"
"ဦးငယ်ဖက်မာမေမီတစ်ယောက်လုံးရှိတယ်နော်"

ဦးငယ်ကိုကိုယ်ပိုင်မိသားစုဘဝလေးနဲ့ပျော်စေချင်တာတော့မေမီ့စိတ်ရင်းပါ

ညနေ၅နာရီတွင် ‌စိုင်းကပဲမြတ်နဲ့မေမီို့ကို လာကြိုပေးသည်

ပွဲထဲရောက်တော့လဲ အန်တီကမေမီ့ကိုကျော်ကာမြတ်ကိုပဲနှုတ်ဆက်ပီး လူကြီးဝိုင်းကိုတစ်လှည့်စီ
လိုက်စကားပြောပေးနေသည်
သိပ်ကိုလှတဲ့အမျိုးသမီးက အနက်ရောင်ကြီုးတစ်လုံးဂါဝန်လေးနဲ့ မြင်နေရတဲ့ပခုံးသားလေးဟာလဲ ဖွေးစွတ်နေတာပဲ အသက်31ပြည့်ပီသာပြောတယ် ခန္ဓာကိုယ်ကအစပြစ်လျက်မရှိပေ

မောင့်အိမ်သူသက်လျာ(Completed)حيث تعيش القصص. اكتشف الآن