~အပိုင်း(၁)~

Start from the beginning
                                    

"ဟီးးးဒီအကြံမဆိုးဘူး ငါလေးကအရမ်းတော်တာဘဲ
ပါးရှောင်းရဲ့သားလို့မပြောရဘူး လိမ်တဲ့နေရာမှာဆရာကြီး။အထူးသဖြင့် မားကိုပေါ့ ဟားးးးးဟားးးးး။"

ရှောင်းကျန့်တို့များ အနေအထိုင်တည်ကြည်တဲ့ ဖအေကိုပါ သူ့ကြမှလူလိမ်ဖြစ်အောင်ပြောတက်တယ်။တကယ့် မနိုင်စိန်လေးပါ။

"အကြံဆိုတာ ကြာကြာထားရင်မဖြစ်မြောက်တက်ဘူး အဲ့တော့ ခုဘဲလက်တွေ့အကောင်ထည်ဖော်ရမယ်။"

"မားးးရေ"
လူကအပေါ်ထပ်ကမဆင်းရသေးဘူး အသံကတစ်ရပ်ကွက်လုံးကြားအောင် အော်ပြီးပြီ။ကျန့်လူဆိုးလေးက အသံလဲအဲ့လိုအောင်ပါသေးတယ်။

"​ အားကျန့်ရေ လူသာအရင်လာပါဟယ် အသံကလူထပ်ကျော်ပြီးရပ်ကွက်တောင်ပတ်ပြီးလောက်ပြီ။"

"ဟီးးးမားမားကလဲ ဒီသားလေးတစ်ယောက်ရှိတာကိုငြိုငြင်ပြီပေါ့လေ အူးးးးဝါးးးး။"

"အော် ဒီကလေးနဲ့အားနေမထွက်တဲ့မျက်ရည် အတင်းညစ်ထုတ်နေတယ်။ကဲ..တိတ်တိတ်အခုကရော ဘာတွေများတောင်းဆိုဦးမလို့လဲ ရှင့်။"

"မားနော် သားကအကောင်းပြောမလို့ကို မရွဲ့ပါနဲ့။"

"ဟောတော် ကျွန်မကဘယ်မှာရွဲ့ရသေးလို့လဲ သခင်လေးရယ်။"

ရှောင်းမားက ပြုံးစိစိနဲ့သူ့သားပေါက်စကိုပြန်စလိုက်တော့ ဟိုဟာလေးကနှုတ်ခမ်းပိစိကို ဘဲဖင်လောက်ဖြစ်အောင်ထော်ထားပါပြီ။သူမသားက တစ်ကယ်စလို့ကောင်းတဲ့ ကလေးဆိုးလေး။

"မား ဟိုနေ့ကဝယ်ခိုင်းလိုက်တဲ့အကြောဆေးတွေလေ
အဲ့တာ စျေးတက်သွား​လို့သားပိုက်ဆံစိုက်ပြီး ဝယ်လာခဲ့ရတယ်။"

"အဲ့တော့....."

မားကသူ့ကိုမကြည့်ဘဲ ဖတ်လက်စစာအုပ်ကို ဆက်ဖတ်နေတယ်။အဲ့တော့ ရှောင်းကျန့်တို့တင်းပြီလေ။

"မား !"

သူဆူဆောင့်ပြီးအော်လိုက်မှ စာအုပ်ကိုချပြီးသူ့ဘက်လှည့်လာတဲ့မားက ဘာတွေရစ်အုံးမလို့လဲဆိုတဲ့မျက်နှာမျိုးနဲ့သူ့ကိုကြည့်လာတယ်။

"မားရဲ့ပေါက်စလေးက မားဆီကပိုက်ဆံပြန်တောင်းနေတာပေါ့လေ။တစ်ခါတစ်လေလေး ဒီမွေးမိခင်ကြီးကိုဝယ်ပေးဖူးတယ်ရှိအောင် ပိုက်ဆံပြန်မတောင်းပါနဲ့လား။
မားသားလေး ကုသိုလ်ရတာပေါ့။"

Deliသမားလေးရဲ့ချစ်ရသူ (one shot)Where stories live. Discover now