Chapter 54

7.1K 360 14
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 54

"သမီး ကိုယ့်ကလေးတွေကို ဘယ်လိုတောင်ဆူပုတ်ပြီး ကြိုဆိုနေတာလဲ"

ဆေးရုံကပြန်လာကတည်းက ဧည့်ခန်းမှာ ကျန်တဲ့သူတွေကပျော်နေသလောက် သမီးဖြစ်သူကဆူပုတ်နေတာကြောင့် သူမကပြောတော့....

"မွေးရမဲ့သူက အခုပျော်နေတဲ့လူတွေတစ်ယောက်မှမပါတာကို"

"တယ်ဒီကောင်မလေး!"

သူမကနှုတ်ခမ်းလေးဆူကပြောတော့ မေကြီးပဆူချင်သလိုပြောပင်မဲ့ ဖေကြီးကတော့ ဘာမှမပြောပဲ ပြုံးသာနေသည်။အန်တီလေးကလည်း တစ်ခုခုကို ငြိမ်ပြီးစဥ်းစားနေရာက....

"ဒီကိစ္စကို သားသူ့ကိုမပြောနဲ့ဦး သမီး"

"ဘာဖြစ်လို့လည်း အန်တီသူအရမ်းပဲကိုယ်ဝန်နဲ့ပက်သက်ပြီး မျှော်လင့်ထားတာ"

"အဲ့တာကြောင့်မို့ သမီးရဲ့ သူသာကိုယ်ဝန်ကအမွှာလေးတွေကိုသာသိရင် ဟိုမှာအလုပ်လုပ်ရတာဘယ်စိတ်ဖြောင့်မလဲ"

အန်တီပြောတာမှန်တာကြောင့် သူမ မေကြီးကိုကြည့်လိုက်တော့ မေကြီးကလည်း ခေါင်းငြိမ့်ပြသည်။ဘာပဲဖြစ်ဖြစ်သူမတကယ် သူ့ကိုအခုတကယ်စိတ်ဆိုးနေတာ။ကိုယ်ဝန် အမွှာဆိုလည်း နှစ်ယောက်လောက်ဆို သူမအတွက်သက်သာသေးတယ် အခုတော့ 4ယောက်တောင်မွေးရတော့မှာ။

သူမအတွေးထဲ သူကိုထုရိုက်နေစဥ် သူမလက်လေးကို ကိုင်လာတဲ့ မေကြီးကြောင့် သူမအတွေးတွေကို ဖျောက်လိုက်ကာ မေကြီးကိုကြည့်လိုက်သည်။

"သမီးက ကလေး 4ယောက်မွေးရမှမို့ သားကိုစိတ်တိုနေတယ်ဆိုလည်း အခုအချိန်မှာတော့ မေ့ထားလိုက်ပါ သမီးရယ်....ဘာလို့ဆို သမီးက ဒီကနေသူ့ကိုစိတ်ဆိုးဒေါသထွက်ပြီး ပြောဆိုနေရင်း တစ်ဖက်မှာ သမီးယောကျာ်းရင်ဆိုင်ရမှာက အန္တရာယ်တွင်းဆိုတာလည်း မမေ့ပါနဲ့"

"ဟုတ်တယ် သမီး....ဖေကြီးလည်း သမီးမေမေပြောသလိုပဲထင်တယ်....သမီးယူထားတဲ့ယောကျာ်းက ဖေကြီးတို့လို အေးဆေးနေလို့ရတဲ့ ယောကျာ်းမဟုတ်ဘူး....အချိန်တိုင်းအန္တရာယ်နဲ့ ကစားနေရတာ....ဒါကြောင့် မိန်းမဖြစ်တဲ့သမီးက စိတ်ကောက်လို့ရတယ် ဒါပင်မဲ့ ပြောဆိုကျိန်ဆဲနေတာမျိူးမလုပ်နဲ့...တကယ်လို့ပေါ့ သူမရှိပဲနေနိုင်တယ်ဆို သမီးပြောပေါ့"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now