သရဲစိမ်းတစ်ကောင်ဝင်လာတယ်

Start from the beginning
                                    

"ထွက်လာပါဆို ဟွန့် ငါ စိတ်မရှည်တော့ဘူး "

"ကိုကို ရေ "

"ဘာလဲ အားးးးး"

"ဟီးဟီး ပျော်စရာမကောင်းဘူးလား"

"လန့်လိုက်တာအရမ်းလုပ်တာပဲ "

စာအုပ်စင်နားမှာ ရပ်နေတဲ့ သူ့ကို အသံလေးပေးကာ အနောက်ကနေဆွဲပွေ့လိုက်တာကြောင့် လူက ထိတ်ကနဲ ဒီကောင်လေးက လူကိုရင်တုန်အောင်အရမ်းလုပ်သည် သူနဲ့ဆို ရှိသမျှအားတွေအကုန်စုပ်ယူခံလိုက်ရသလိုခံစားရသလိုမျိုး

"ကိုကိုစိတ်တိုနေတာပဲဟုတ်လား"

"မင်းက ပုန်းနေတာကိုး ငါစိတ်မရှည်ဘူးပေါ့"

"ဟားဟား ချစ်စရာလေးဗျာ "

"ငါယောကျာ်းလေး ချစ်စရာမဟုတ်ဘူးချောတာ"

"ဟွန်း သားမျက်လုံးထဲတော့ချစ်ဖို့ကောင်းပြီးလှတယ် "

"မင်းနော်"

"ကိုကိုနော်"

"ချပေးတော့ ဟိုမှာဒေါ်ကြီးကြည့်နေတယ် "

"ချပေးမှာပေါ့ ကိုကိုကချလို့ကောင်းတယ်လေ "

"ရှောင်ကျန့် "

"ဆရာလေး "

"ဟုတ်ဟုတ် ဖယ်ပေး "

သူငှေးကိုနာမည်အပြည့်စုံခေါ်မိလိုက်လို့ သတိပေးလာတဲ့ဒေါ်ကြီးကျင်းကြောင့် စကားကိုထိန်းလိုက်ရသည် ရှောင်းလေးငယ်ငယ်ထဲက အခုချိန်ထိနေလာခဲ့သူမို့ ဒေါ်ကြီးကရှောင်းလေးနဲ့ပတ်သတ်ရင် သိပ်ကို စိတ်ဆက်သည် သံယောဇဉ်ကြီးတာမျိုးလဲဖြစ်နိုင်သည်

ညနေစောင်းတော့ရေမိုးချိုးကာ အောက်ထပ်ကိုဆင်းလာတော့ဒေါ်ကြီးကိုမတွေ့ ပြန်သွားပြီထင်သည် ခဏနေတော့ တံခါးလာခေါက်တဲ့အသံကြောင့် သွားဖွင့်လိုက်တော့ ခြံစောင့်ဦးလေးကြီး ဟိုကိစ္စတွေဖြစ်တုန်းက ဒဏ်ရာအနည်းငယ်ရသွားတာကြောင့်ဆေးရုံမှာနေခဲ့ရပြီးအခုတော့ပြန်ဆင်းလာကာ အရင်လိုပဲ အလုပ်တွေပြန်လုပ်နေသည် သူ့တူဆုံးသွားတာရှောင်းလေးကြောင့်ပေမယ့်ဒီကိစ္စကိုလုံးဝမဟခဲ့ထူးဆန်းတာတစ်ခုကယောင်းရဲ့မိဘတွေကပင် ဘာမှမပြောဘဲ တစ်မိသားစုလုံးပြောင်းသွားကြသည်တဲ့ အရမ်းထူးဆန်းနေလွန်းသည်

အရုပ်ကလေးအသက်ဝင်နေသည်Where stories live. Discover now