ရင်ဘက်ကနေ လည်ချောင်း ထိပူတက်လာတာမို့ အတော်နေရခက်လာသည်။ရေသောက်ချင်ပင်မဲ့ သောက်လို့မရတဲ့အခြေအနေကြောင့် အံကြိတ် ကာသီးခံထားလိုက်ရသည်။ရှောင်းကျန့်စိတ်ငြိမ်အောင် အသက်ကိုပုံမှန်တာ ရှူနေမိတော့သည်။

ရှောင်းကျန့်  ၂ ရက်ကြာအောင်ပူလောင်နေတဲ့ဒဏ်ကိုခံပြီးနောက်အပူတွေ ချက်ချင်း ကိုပျောက်သွားကာ ဘာပူလောင်မှုကိုမှမခံရသလိုပင်။ရှောင်းကျန့်  သက်ပြင်းချ ရန်ကြံနေတုန်း နောက်ကျော်ဖက်က ဆူးအောင့်လာတာမို့ အရိုးတွေ ကျိုးနေပြီဆိုတာ ခံစားမိလိုက်သည်။ကျောတလျှောက်လုံး ရောင့်မျက်မျက်ကြီး ခံစားရကာ သေမတတ်နာကျင်နေပင်မဲ့ ရှောင်းကျန့် အံကြိတ်ကာ အောင့်ခံထားမိသည်။

"အ့"

ထွက်လာအသံကြောင့် ရှောင်းကျန့်နှုတ်ခမ်းကိုဖိကိုက်မိသည်။တဖြည်းဖြည်းနဲ့ သူရဲ့နောက်ကျောအရိုးတွေကို တစ်ယောက်ယောက် ချိုးနေလို အသံတွေကအခန်းထဲအပြည့် အသံမြည်နေတာကကြောက်စရာအတိ။ရှောင်းကျန့် ကတော့ နာကျင်မှုကို တောင့်ခံကာ နှုတ်ခမ်း ကိုကိုက်ထားနာကြောင့် နှုတ်ခမ်းက သွေးပင်ဆို့နေပြီဖြစ်သည်။ရှောင်းကျန့် ပါးစပ်ထဲ ညီးဆို့ဆို့အရသာကြောင့် နှုတ်ခမ်းပေါက်သွားပြီဆိုတာသိလိုက်သည်။ ထို့ကြောင့်နှုတ်ခမ်းတွေကို လွှတ်လိုက်ကာ  စောင်တွေကိုသာကိုက်ထားလိုက်သည်။တကိုယ်လုံးကအရိုးတွေကကြေးသွားသလိုခံစာရပြီးနောက်ရှောင်းကျန့်အိပ်ယာပေါ်မှာလဲလျှောင်နေမိတော့သည်။သူလှုပ်လဲ လှုပ်လို့မရသလို အသက်ကိုလဲပြင်းပြင်းကြီးမရှူရဲ့ ပါ။အသက်ပြင်းပြင်းရှူလိုက်တာနဲ့ တကိုယ်လုံးကျင်တက်လာကာ နာကျင်မှုက တဟုန်းတိုး လာတာကြောင့် အသက်ကိုလဲ ပုံမှန်သာရှူ နေရသည်။ တချက်တချက်နာကျင်မှုကြောင့် အံကြိလိုက်မပင်မဲ့ နှုတ်ခမ်း ကလဲ ပေါက်နေပြီဖြတာကြာင့် သွေးတချို့ကလဲ နှုတ်ခမ်း ထောင့်မှာခစားနေသည်။

ရှောင်းကျန့်နာကျင်မှုကြောင့်  အိပ်လိုက်ချင်ပင်မဲ့ တင်းခံကာ မအိပ်မိအောင် သီးခံထားရသည်။ရှောင်းကျန့် နာကျင်မှုတစ်ခုဖြတ်ကျော်ပြီးနောက် နောက်ထပ်နာကျင်မှုကို ထပ်ခံစားရပြန်သည်။ အခုတခါကအရိုးပြန်ဆက်နေတာဖြစ်တာကြောင့် အရင်တစ်ခေါက်ကလောက်မနာကျင်ရပင်မဲ့ သက်သာနေတာတော့မဟုတ်ပါ။သူ့ခန္ဓာကိုယ်ကလဲ အနားမယူရသေးသလို နာကျင်မှုက ဆက်တိုက် ဖြစ်နေတာကြောင့် လူကခံနိုင်ရည်နည်းနည်းလေးတောင်မှမရှိချင်တော့။အရိုးတွေအားလုံးဆက်ပြီးချိန်မှာတော့ နာကျင်မှုတွေကလဲ သူတို့မဖြစ်ဖူးသလိုတမှုတ်ချင်းပျောက်သွားသည်။

 My  Warlock (Completed)Where stories live. Discover now