တစ်ဆက်တည်း Dr.Kim နှင့်တစ်ခဏတာဆိုတဲ့
ခေါင်းစဉ်နဲ့ နိုင်ငံ ခြားကသူငယ်ချင်းများတင်ထားသည့်
အင်တာဗျူးက အနည်းငယ်တော့ ကြာပြီဆိုပေမယ့် ဂျောင် ကုမကြည့်ရသေးသဖြင့် ကြည့်လိုက်မိသည် ။

ဟားဗတ်မှာတုန်းကဖြစ်ပုံရသည့်အပြင် အစ်ကိုကြီးက
အိပ်ချင်နေတာကိုအတင်းမေးခွန်းမေးထားသည့် Vd
သူငယ်ချင်း များကစပြီးတင်ထားပုံရသည် ။

'' Kim Kim မင်းမှာ ရည်းစား ရှိလားလို့ ပြောပြကွာ ''

'' ရည်းစား မရှိဘူး ရည်ရွယ်ထားတဲ့ သူရှိတယ် ''

''ငါတို့ကို ပြောပြလေကွာ တစ်လုံး ဘဲပြောပြ နာမည်အစ
နာမည် အဆုံး ''

'' J ''

'' ဟာဂျွန်း ဘဲ သေချာတယ် ကွ ''

Video ကပြီးသွားပေမယ့် ဂျောင်ကုစိတ်ထဲသိပ်တော့မကျေနပ်ပါ သူလည်း ဖြစ်နိုင်တာဘဲ သူအစ်ကိုကြီးဆီလိုက်မသွားခဲ့တာတွေ
နောင်တအကြီးအကျယ်ရပါသည် အနည်းဆုံးတော့
သူမျက်နှာလေးကြည့်ဖို့ တစ်ခါလောက် လိုက်သွားခဲ့သင့်တာ

ဒီနေ့ထယ်ယောင်းကိုင်ရတဲ့ case က ကိုယ့်ကိုကိုယ်
သတ်သေဖို့ကြိုးစားတဲ့အထက်တန်းကျောင်းသားတစ်ယောက်
မိသားစု ပြသနာတွေ အဆင်မပြေသည့်ကြားက ချစ်သူကပါ
ထားခဲ့သည်မို့ စိတ်ဓာတ် အကြီးအကျယ် ကျသွားပုံရသည် ။

'' မင်း အတွက် ဒီတစ်လမ်းဘဲရွေးစရာရှိတာ မဟုတ်ဘူး ကောင်လေး ''

'' ကျွန်တော့်ဘဝမှာ လိုချင်တာတွေနည်းပါတယ် အဲ့ဒီအနည်းစုကိုတောင် ပိုင်ဆိုင်ခွင့်မရခဲ့ဘူး ''

'' တရားရုံးမှာ မိဘနှစ်ပါးကွာရှင်းဖို့ လက်နှစ်ဖက်ကိုပြိုင်တူဆွဲထားဖူးလား ဘယ်သူ့ကို
ရွေးချယ်ရမလဲ သေချာနေခဲ့ပေမယ့် အနည်းဆုံးတော့
အတူရှိနေစေချင်ခဲ့တာ မင်းမိဘတွေ ရှိပါသေးတယ်
မပြေလည်တာတွေ အတူညှိနှိုင်းပါ မင်းကိုငေးနေတဲ့
ဟိုကမိဘတွေကိုမင်းကြည့် မင်းမှာ အခွင့်အရေးအများကြီး
ရှိသေးပါတယ် ''

''.... ''

'' ပြီးတော့ အချစ်ဆိုတာ လုပ်ယူလို့မရသလို သူမနေချင်ရင်ဆွဲထားလို့မရပေမယ့် မင်းကို တကယ် ချစ်တဲ့သူက မင်းအနားမှာ ခက်ခဲနေရင်တောင် အတူရှိနေမှာပါ ''

Stranger but Warmth { ongoing. }حيث تعيش القصص. اكتشف الآن