'' Ig မှာတင်ထားတာက ဘယ်သူများလဲ
ပြကြည့်ပါဦး
ဂုတ်လေး ကြည့်ရအောင် ''

သူ့ဂုတ်ကိုအတင်း လိုက်လှန်နေတဲ့သူ့ကြောင့် ခြံထဲပတ်ပြေးနေမိသည် ဒီလိုအချိန်လေးမှာ ရပ်ထားလို့ရခဲ့ရင်
မင်းဘဝအတွက်အရေးပါတဲ့သူကိုလည်း ငါတွေ့စရာမလိုလောက်တော့ဘူးမလား ။

'' ယောင်း ရေ ''

'' အင်း လာလေ ဟာဂျွန်း ''

'' ဆေးရုံမှာ အဆင်ပြေလား ဝင်ကာစဆိုတော့
အခက်အခဲတွေ ရှိမလားလို့လာကြည့်တာ ငါ
ဒီကို တာဝန်ပြောင်းလျောက်လိုက်ရမလား ''

'' ရပါတယ်  မင်းအဆင်ပြေတဲ့နေရာနေပါ
ငါ့ကြောင့် တကူးတကမပြောင်းပါနဲ့ ''

စွဲလမ်းနေရတဲ့ မျက်ဝန်းညိုတွေက တည်ငြိမ်နေပေမယ့်
အနေရခက်နေပြန်တဲ့ ယောင်းရယ် အဲ့ဒီအားနာနေမှုတွေကို
တခြားနေရာ မှာပြောင်းအားနာစေချင်လိုက်တာ ။

'' အင်း မင်းနားရှိချင်လို့ပါ ကျောင်းအတူတက်ရတုန်းက
အချိန်တွေလွမ်းလိုက်တာ ငါ့ဘဝမှာ နောင်တအရဆုံး
နှစ်ချိန် ရှိတယ် ယောင်း ''

'' ....... ''

'' ကိုယ် စိတ်မပါဘဲ အမေနောက်လိုက်နေခဲ့တုန်းကရယ်
မင်းကို ဒီတိုင်း ငေးကြည့်နေခဲ့မိတဲ့အချိန်တွေရယ် ''

'' ဟာ... ဟာ ဂျွန်း ''

'' အချစ်က လုပ်ယူလို့မရဘူးကိုယ်သိ
ိတာပေါ့ ယောင်းရယ် အဲ့ဒီကလေးရဲ့ အရိပ်လေးကို
တောင်မင်းငေးကြည့်ရင်း ပြုံးနေခဲ့တဲ့အဲ့ဒီနေ့ကစပြီး
ကိုယ်ရှုံးပြီးသားပါ ဒါ့ကြောင့် အားမနာပါနဲ့ အချစ်ခံပါ
ယောင်း ''

ထပ်ပြီးကျောခိုင်းသွားပြန်တဲ့ဟာဂျွန်းကြောင့် သူသက်ပြင်းချလိုက်မိသည် မင်းက ငါ့အချစ်ဆုံး
သူငယ်ချင်း ပါဘဲ Broken family ချင်းတူကြတယ်
အေးဆေးနေတတ်တဲ့ဟာဂျွန်းဘဝကိုသူက
အပူတွေပေးမိသလို ဖြစ်သွားခဲ့ပုံရသည် ။

Ig မှာထပ်တက်လာတဲ့ လက်ဖဝါး နှစ်ခု Dr. Kim က
လူတစ်ယောက် ရဲ့လက်ကိုဖွဖွလေးကိုင်ထားတဲ့ပုံကြောင့်
ဂျောင်ကု စိတ်ပူသွားရသည် မောင့်အစ်ကိုကြီးရယ် မောင်
ဒီလိုတော့ နောက်မကျ ချင်ဘူး ။

Stranger but Warmth { ongoing. }Место, где живут истории. Откройте их для себя