(ဆရာကျိက လူတော်လေးလို့ ရေးထားလို့သာ မျက်လုံးထဲမှာ မြင်ကြည့်သလောက်ဆို လူတော်လေးပုံလည်း မဟုတ်ပါဘူး :3)

“သွေးတွေ ကုန်သွားပြီ ...”

အင်တာနက်သုံးစွဲသူတစ်ဦးက မှတ်ချက်ဝင်ရေးလိုက်သည်။

“ငါ့အမေက မေးနေပြီ ဖုန်းကြည့်ရင်း ဘာလို့ နှာခေါင်းသွေးတွေ လျှံလာတာလဲတဲ့ နတ်ဘုရားကျိရေ ဒါလေးတွေကို ဘယ်ကနေများ ရှာတွေ့လာတာလဲ ...”

တစပ်တစု မေးသူများလည်း မနည်းမနောပင်။

“မေးနေစရာ လိုသေးလို့လား နောက်ခံကို ကြည့်လိုက်လေ အဲဒါက ဟိုတယ်တစ်ခုမှာပဲ နတ်ဘုရားကျိနဲ့ ရှောင်ရှုမြောင်က တစ်ခန်းတည်း သုံးနေတာပဲ ...”

“နားမလည်ဘဲ  ပေါက်ကရတွေ လျှောက်မပြောနဲ့တော့ နတ်ဘုရားကျိနဲ့ ရှောင်ရှုမြောင်တို့ အမေရိကန်မှာ ရုပ်ရှင်ရိုက်ရင် တစ်ဟိုတယ်တည်း တည်းကြမှာပဲလေ ကြည့်ရတာ သူတို့နှစ်ယောက်က အရမ်းရင်းနှီးတယ်ထင်တယ် မဟုတ်ရင် ရှောင်ရှုမြောင်က နတ်ဘုရားကျိကို ဒီလိုရှက်စရာကောင်းတဲ့ ဓာတ်ပုံမျိုး ဘယ်လိုလုပ် ရိုက်ခွင့်ပေးမှာလဲ ...”

“ငါလည်းပဲ သူတို့နှစ်ယောက် ရုပ်ရှင်အတူတူရိုက်နေတယ်လို့ ထင်နေတာ ရှောင်ရှုမြောင်ရဲ့ အမူအယာကိုပဲ ကြည့်ကြည့်လိုက် နာခံမှု ရှိတဲ့ ပုံလေးကနေ ဝမ်းနည်းသွားပြီ ခဏနေကျတော့ စိတ်ပျက်သွားပြန်ရော လုံးဝကို မပြည့်ဝနိုင်တဲ့ စိတ်ဆန္ဒတွေပဲ နတ်ဘုရားကျိရေ ဘယ်လိုဓာတ်ပုံမျိုးတွေ ရှိနေသေးတာလဲ လာပါ အကုန် ထုတ်ပြလိုက်စမ်းပါ အကျင့်ယုတ်ပြီး နည်းနည်းစီ တင်မနေပါနဲ့ ...”

“အမေရေ ကယ်ပါဦး ... ဘာလို့များ ပြီးခဲ့တဲ့တစ်ခေါက်က “အထွတ်အထိပ်ရောက်နေတဲ့ မျက်နှာ” ဆိုတာလေးကို သွားပြီး သတိရမ်ိနေပါလိမ့် ဟေး မင်းတို့တွေ ရှောင်ကျားရှုရဲ့ မေးစေ့ကို ညှစ်ထားတဲ့လက်ကို မှတ်မိသေးလား အဲဒီ့လက်က ဘာလို့ နတ်ဘုရားကျိရဲ့ လက်နဲ့ တူနေတယ်လို့ ခံစားမိတာပါလိမ့် ...”

လေ့လာမှု အားကောင်းသူတစ်ဦးက ပြောလိုက်သည်။

လူတိုင်း စုံထောက်အဖြစ် ချက်ခြင်းလက်ငင်း ပြောင်းလဲသွားကာ ထိုလက်မှာ ကျိမြန်၏ လက်ဖြစ်ကြောင်း၊ သူ့ကို ကူညီကာ ဓာတ်ပုံရိုက်ပေးသည့်အနေဖြင့် မေးစေ့ကို ဖျစ်ညှစ်ပေးထားခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြတော့သည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now