အဲ့အချိန်မှာပဲ ဝူယူလန် ဟာ စိတ်ဓာတ်ကျနေခဲ့သည်။နောက်ဆုံးတော့ သူမအဖေ ဘာလို့ ရှန်ဟိုင်းကို လာခဲ့တာလဲ ဆိုတာ သူမနားလည် ခဲ့ပါပြီ။

သူမရဲ့ မွေးဖွားမူဇယား ဟာ အတော်ဆိုးရွားပြီး တော့ သူမရဲ့ နောက်ပိုင်းဘဝတွေဟာ အခက်ခဲဆုံးတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိထားပါတယ်။အစကတော့ သူမ မှတ်ဥာဏ်ကောင်းတွေအဖြစ်သိမ်းထားပြီး  ကိုယ့်ကိုကို သတ်သေဖို့ စိတ်ကူးထားတာပါ။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သူမသေရမှာကို ကြောက်ပါတယ်။သူမ ဒီလောကကြီးကနေ ထွက်မသွားချင်ပါဘူး။

လူလိမ်ဟထျန်ဟာနောက် ဆုံးတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ နားလည်သွားခဲ့သည်။သူဟာ သူ့ရှေ့က မိန်းမလှလေးကို ကြည့်လိုက်ပြီး  ဒီလို ဒီကို ကံတရားမျိုး ပါလာလို့ စိတ်မကောင်း ဖြစ်မိပါတယ်။

ဝူယူလန်ဟာ လင်းဖန်ကို အရင်က မတွေ့ဖူးပဲ ဝိုက်ဘိုပေါ်မှာ မြင်ယုံနဲ့ မာနကြီး တဲ့ လူအဖြစ်သတ်မှတ်ထားခဲ့ပါ။

သို့ပေမဲ့ သူမ နောက်ဆုံးမှာတော့ မာစတာ လင်းရဲ့ အစွမ်းအစကို သိလိုက်ရပါပြီ။အဲလို မဟုတ်ရင် သူမအဖေက ဒီကို လာပြီး အကူညီတောင်းဖို့နေနေသာသာ ဒီလောက်ထိယဥ်ကျေးနေမှာ မဟုတ်ပါဘူး။

"အဖေ ဒါက သမီးရဲ့ ကံတရားပဲလေ၊မာစတာ လင်းကို ခက်ခဲအောင် မလုပ်ပါနဲ့"

ဝူယူလန် ပြောလိုက်သည်။

လင်းဖန် သူ့ရဲ့ ရှိုးပွဲကို ပိုပြီး စိတ်ဝင်စားအောင် လုပ်ချင်ခဲ့တာပါ။သိူ့ပေမဲ့  ဝူယူလန်ရဲ့ စကားကြောင့် အရှိန်ပျက်သွားခဲ့သည်။

သူဟာ သူမကို ကြည့်ပြီး ပြောလိုက်ပါတယ်။

"ငါမင်းကို အဲ့မှာပဲနေဖို့ ပြောထားတယ်လေ၊ကျေးဇူးပြုပြီး ဘာမှ ဝင်မ​ပြောပါနဲ့"

ဝူတန်ဟီဟာ သူ့ရဲ့ သမီးကို ကြည့်ပြီး ပြောလိုကိသည်။

"မာစတာ လင်းပြောတာ နားထောင်"

ဝူယူလန်ဟာ တည်ငြိမ်နေပြီး ဒါကိုကြားတဲ့အချိန်မှာ  ဘာခံစားချက်မှ မထွက်ပေါ် လာခဲ့ပါဘူး။သူမဟာ တိတ်ိတ်စွာသာ ထိုင်နေလိုက်သည်။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now