"သူဌေးလေး ရောက်လာပြီ"

လူအုပ်ကြီးဟာ လင်းဖန်ကို မြင်တဲ့အချိန်မှာ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်ကြပါတယ်။

လူအုပ်ကြီးရဲ့ မျက်လုံးထဲမှာတော့ လင်းဖန်က သူတို့ရဲ့ အိုင်ဒေါ ပါပဲ။

"အားလုံးပဲ မောနင်း"

လင်းဖန်ဟာ ပြုံးလိုက်ကာ အားလုံးကို နှုတ်ဆက်လိုက်သည်။

"သူဌေးလေး နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ကျွန်တော်တို့ အကုန်လုံး ဒီမှာစောင့်နေကြတာ"

"မင်းရဲ့ ပန်ကိတ်က ကမ္ဘာ့အကောင်းဆုံးပဲ ပြီးခဲ့တဲ့နေ့က ငါပန်ကိတ်အကြောင်းပဲ စဥ်းစားနေတာ"

...........

ဘေးနားဝန်ူကျင်မှ ဆိုင်ပိုင်ရှင်များဟာ လင်းဖန်
တို့ဆိုင်ဘက်ကို မနာလိုစွာနဲ့ ကြည့်နေကြပါတယ်။သူတို့ ဆိုင်မှာဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးပါဘူး။

ဒီလိုမျိုး ကာစတန်မာတွေကို ဆွဲဆောင်နိုင်ဖို့ဆိုရင် တစ်စုံတစ်ယောက်ဟာ လုံလောက်တဲ့ အရည်အချင်းနဲ့ စွမ်းဆောင်နိုင်စွမ်းတွေ ရှိဖို့ လိုအပ်ပါတယ်။

"မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့။ဒီမှာ အဓိကရုဏ်း တောင်ဖြစ်တော့မလို့"

လူလိမ်ထျန်ဟာ ရယ်မောကာပြောလိုက်သည်။
သူတို့ ဗေဒင်ဟောကတည်းက ဒီလောက်ကြီးမားတဲ့ လူအုပ်ကြီးကို မတွေ့ဖူးပါဘူး။

"တုန်ကင် နံပါတ်တွေပေးပြီးပြီလား"

လင်းဖန်ဟာ မေးလိုက်သည်။

"ငါလွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက ဝေပေူပြီးသွားပြီ  မင်းလာဖို့ကို စောင့်နေတာ"

လူလိမ်ထျန်ဟာ ပြန်ဖြေလိုက်သည်။

"ဒါဆို စလုပ်လိုက်ရအောင်"

လင်းဖန်ဟာ ပန်ကိတ်ကောင်တာ မှာရပ်ပြီး ပါဝင်ပစ္စည်းများကို ကိုင်ကြည့်ကာ ပြောလိုကိပါတယ်။

"အလျင်မလိုကြနဲ့  တန်းစီပြီး ကိုယ့်အလှည့်ကို စောင့်လိုက်ရအောင်"

"နံပါတ်  ၁"

"နံပါတ်  ၁၈"

"နံပါတ် ၃၆"

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now