💌 မေတ္တာပို့သည် မောင့်ဆီ 💌

537 20 0
                                    

💌 မေတ္တာပို့သည်... မောင့်ဆီ 💌

Yizhan One Short Story

-နွယ်ဒါလီချို

..........

" မောင်... မောင့်မေမေ သဘောအတိုင်း
အဲ့အမျိုးသမီးကို လက်ထပ်လိုက်ပါလားဟင်။
ကျွန်တော်က မောင့်အတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်နေသလားလို့မောင်ရယ်... "

ကျွန်တော်သည်
မောင့်မျက်နှာချောချောအား ငေးကာ
ဤစကားတို့အား ဝမ်းနည်းစွာဆိုမိချေသည်။

မောင်သည် မျက်ရည်လွယ်သော
ကျွန်တော့်ကိုကြည့်ကာ
ပြုံးပြုံးလေးပြောသည်။

" ခက်လိုက်တာ အသက်ရယ်...
မောင်က မင်းတစ်​ယောက်ကိုပဲ ကြည့်ပြီး အသက်ရှင်နေတာလေ အသက်ကလေးရဲ့....
မောင့်မှာ မင်းပဲရှိတာ  "

မောင့်၏ ဤစကားကလေးသည်
ကျွန်တော့်ရင်ကို ခုန်လှုပ်ရန်
များစွာ စွမ်းသာပါသည်။

သို့ပေမဲ့ ပတ်ဝန်းကျင်သည်
မောင်နဲ့ ကျွန်တော့်ကို
ဝေးကွာစေချင်သည် ထင်သည်။

မောင်သည် ကျွန်တော်နှင့်ချစ်သူဖြစ်ပြီး
သုံးနှစ်သော ကာလအတွင်းတွင်
အလွန်တရာမှ မြတ်နိုးဖွယ်ကောင်းသော
လေးစားယုံကြည်ရတဲ့ ချစ်သူလေးဖြစ်ပါသည်။

မောင်သည် ကျွန်တော့် ရှေ့တွင်
ခြောက်ပြစ်ကင်းသလို နောက်ကွယ်မှာလည်း မိန်းမတွေနဲ့ကင်းကင်းနေပါ၏။

မူးယစ်စေသော အရာမှန်သမျှ
မောင်က ကျွန်တော့်ကြောင့်ဝေးဝေးရှောင်သလို
ဆေးလိပ်လည်းမသောက်ပါ။

ချစ်သူသက်တမ်း သုံးနှစ် နှင့်
ခြောက်လအကြာတွင် မောင်သည်
ဦးခေါင်းတွင် ကြိတ်စတင်တည်ခဲ့ပါသည်။

ကျွန်တော့်အား မပြောပဲ တစ်ယောက်ထဲ
တိုးတိုးတိတ်တိတ်ကုသနေခဲ့သော မောင်သည်
ဦးခေါင်းတွင် ပေါက်ရောက်သော
အကြိတ်ကြောင့် အမြင်အာရုံဝေဝါးရခြင်းဟု ဆိုသည်။

လေးနှစ်ပြည့် ချစ်သူနှစ်ပတ်လည်နေ့အတွက်
ကျွန်တော့်အား 'တူးတူး' ဆိုသော
စုတ်ဖွားခွေးမလေးအား မောင်က လက်ဆောင်ပေးခဲ့ပြီး
ကျွန်တော်သည် မောင့်အတွက်
ကျွန်တော့်လုပ်ခများထဲမှ ခွဲစုထားသော
ပိုက်ဆံလေးဖြင့် စျေးကြီးသော
နာရီလေးတစ်လုံး
လက်ဆောင်ပေးအပ်ခဲ့ပါသည်။

💌 မေတ္တာပို့သည် မောင့်ဆီ 💌Where stories live. Discover now