သူ့ရင်ဘတ်ကို လက်သီးဆုပ်ကလေးတွေနဲ့ ထိုးလာတဲ့ အကြင်သူ လေးအား သူဟာလုံးဝမငြိုငြင်ရက်ပါ သူ့ကလေးလေးဘယ်လောက်လန့်သွာမလဲ အသက်နှလုံးမဖောက်သွားတာ ကံကောင်းသည်လို့ပြောရမယ်

"ဟုတ်ပါတယ် ​ဒါ​တွေအားလုံးက ကိုယ့်အပြစ်တွေပါ ​ကိုယ့်အပြစ်​တွေပါ ဝမ်ရယ် အဲ့တာကြောင့်မို့လို့ ဝမ်ကိုယ့်ကို စိတ်ကြိုက်ရိုက်နိုင်တယ် ထိုးကြိတ်နိုင်တယ် ဒါပေမဲ့ ငိုတော့မငိုပါနဲ့တော့ ဝမ်ရယ် ကိုယ့်ရင်တွေနာလွန်းလို့ပါ"

တဖြည်းဖြည်း အငိုတိတ်သွားတဲ့ကောင်လေးကို
အနမ်းလေးနဲ့ချော့ရသေးသည်
ကျည်ကာဝတ်ဆုံဝတ်ထားပေမဲ့ ပြင်းထန်လှတဲ့အနီးကပ်ပြစ်ချက်ကြောင့် ကျည်ကာပေါက်သွားပြီး ထိခိုက်စေခဲ့သည် ဒဏ်ရာကအ​ပေါ်ယံဆို​ပေမဲ့ သွေးကြောနဲ့နီးသဖြင့် ​သွေးတွေမတရားထွက်ကာ သူအမျိုးသားလေးကိုစိတ်ပူစေ၏

ဆေးရုံရောက်သည်အထိ ကျည်ကာဝတ်မထားဘူးထင်ပြီး အငိုမရပ်တဲ့ ကောင်လေးဟာ ကျည်ကာဝတ်ထားတယ် သူအဆင်ပြေတယ် အသက်ရှင်တယ်လို့ ကြားတော့ ထိန်းထားတဲ့စိတ်ကို လွှတ်ချလိုက်ပုံပဲ မေ့လဲသွားတယ်

အခုတော့ကောင်လေးကို ဒီပုံစံနဲ့ တွေ့ရတာပဲ သေနတ်မှန်တာသူဆိုပေမဲ့ ကောင်လေးကတောင် သူ့ထက်ပိုပြီးဖြူဖျော့နေတုန်းပဲ
တစ်ဖန် ဒီကျည်ဆန်သာ ဝမ်ကိုမှန်သွားရင်လို့တွေးမိတော့ သူ့စိတ်တွေဟာ ကြောက်စိတ်တွေနဲ့လွမ်းမိုးသွားပြန်သည်

"တော်သေးတာပေါ့ ဝမ်ရယ် ဒီကျည်ဆန်သာ ဝမ်ကိုထိမှန်သွားရင် ကိုကိုတော့ရှုးပြီထင်ပါတယ် ကံကောင်းလို့ ဝမ်ဘာမှမဖြစ်တာ ဝမ်သာတစ်ခုခုဖြစ်ရင် ကိုကိုသေမှာ အွန်း"

ရုတ်တရက် သူ့ကိုဖက်နမ်းလာတဲ့ကောင်လေးကြောင့် ဗိုလ်ချုပ်ရှောင်ကျန့်သည် ပြုံးရင်း ပြန်တုံ့ပြန်သည် သူသည်ဝမ်ရဲ့ခြောက်ကပ်နေတဲ့ နှုတ်ခမ်းပါးကို စိုစွတ်အောင်လုပ်ပေးဖို့လဲမမေ့

"ပြွတ်....အွန်း"

ထွက်ပေါ်လာတဲ့နားရှက်ဖွယ်အသံတွေကြောင့် ဝမ်ကျိုးချန်နဲ့ လျိုဟိုက်ခွမ်းသည် ဘယ်ပြေးရမလဲမသိ

General Xiao Is Ruining MeWhere stories live. Discover now