တရှုံ့ရှုံငို​နေ​သော ​ကောင်​မ​လေးသည်​ ကမ္ဘာ့အား လက်​မလွှတ်​ချင်​သည့်​ ပုံစံနှင့်​​ပေကပ်​ကပ်​လုပ်​​နေသည်​မို့ ကမ္ဘာစိတ်​ပျက်​သလို ​လေပူတစ်​​ဝှေ့ မှုတ်​ထုတ်​လိုက်​ပြီး......။

"ကျွန်​​တော်​ ခင်​ဗျားကို စိတ်​မ၀င်​စား​တော့ဘူး ခဗျ...အဲ့တာ​ကြောင့်​ ​ကျေးဇူးပြုပြီး ကျွန်​​တော်​ကို လွှတ်​​ပေးလိုက်​​တော့..."

ကမ္ဘာသည်​ ဖခင်​ဖြစ်​သူနှင့်​ ရုပ်​ရည်​ အကျင့်​စရိုက်​အားလုံးနည်းပါး တူပါ​သော်​ငြားလည်း မတူ​သောတစ်​ချက်​မှာ ဖခင်​ကဲ့သို့ စကားလုံးကြမ်းကြမ်ြး​ကီး​တွေ မသုံးပဲ အပြုံးမပျက်​ နူးညံစွာ ရက်​စက်​တတ်​သူဖြစ်​၏...။...ယခုလည်း ထိုမိန်းခ​လေးနဲ့ စကား​ပြော​နေပုံမှာ လွန်​စွာသက်​​တော့သက်​သာရှိပြီး မိတ်​​ဆွေချင်း စကားစမြည်​​ပြော​နေပုံနှင့်​​တောင်​ ဆင်​တူလှသည်​...။

ထိုမိန်းခ​လေးမှာ ​ခေါင်းတွင်​တွင်​ခါရင်း ​နေရာမှ မ​ရွေ့​သော​ကြောင့်​ ကမ္ဘာ၀ိုင်​ခွက်​အား စားပွဲ​ပေါ်သို့ ညင်​သာစွာ ချလိုက်​ပြီး မတ်​တပ်​ထရပ်​လိုက်​သည်​။ အသက်​၁၈နှစ်​နှင့်​ အား​လျော်​စွာ ရှည်လျား​ဖြောင့်​စင်း​သော ​ခြေတံရှည်​တို့သည်​ ကိုးကွယ်​ချင်​စရာ​ကောင်း​လောက်​​အောင်​ ရူးသွပ်​ဖို့ ထိုက်​တန်​သည်​...။

ကမ္ဘာ--ထိုမိန်းခ​လေး၏ အ​ရှေ့တွင်​ ရပ်​လိုက်​ပြီး ကိုယ်​အား မိန်းခ​လေးနှင့်​တန်းတူဖြစ်​​အောင်​ နိမ့်​ကာ နားအနီးသို့ကပ်​၍ စကားလုံးတစ်​ချို့အား ညင်​ညင်​သာသာ ​ပြောလိုက်​၏...။

"ငါမင်းနဲ့ ကစားလို့ဝပြီ၊ ငါ့အတွက်​ ကစားစာရာအသစ်​တစ်​ခု ​တွေ့ထားပြီမို့ ဒီဘ၀ဒီမျှပဲ​ပေါ့၊ ငါ့အချိန်​အဲ့​လောက်​​ပေါ မ​နေတာ​ကြောင့်​ ကိုယ့်​အကန့်​​လေးနဲ့ ကိုယ်​​နေလိုက်​ပါ၊ ​ကျေးဇူးတင်​ပါတယ်​..."

ကမ္ဘာထိုမျှသာ​ပြောပြီး တုန်​ခါလာသည့်​ဖုန်းအား ကိုင်​ကာ သီချင်းသံတို့နှင့်​​ဝေးရာ ကားပါကင်​သို့ ထွက်​လာခဲ့သည်​။ ကျန်​ခဲ့သည့်​ မိန်းခ​လေး မည်​သို့ ဖြစ်​​နေမည်​ကို ကမ္ဘာဂရုမစိုက်​...​လော​လောဆယ်​ ​အ​ရေးကြီးတာက အဆက်​မပြတ်​မြည်​တမ်း​နေ​သော ဖုန်း၏ ​ခေါ်ဆိုသူအမည်​ daddy ဆိုသည်​​ကြောင့်​...။ daddyသည်​ အိမ်​မှာဘယ်​သူမှမရှိ​လေ ​ကောင်း​လေဆို​ပေမယ့်​ Senorita က​တော့ထိုသို့မဟုတ်​​ပေ။ ၁၀နာရီ​ကျော်​လို့မှ အိမ်​ရှိလူမစုံလျှင်​ သူ၏​ယောက်​ကျားတစ်​ဖြစ်​လည်း ကမ္ဘာတို့၏ daddyအား ဖုန်းဆက်​​ခေါ်ခိုင်းတတ်​သည်​။ ခုလည်း ​ခေါ်ဆိုခိုင်းသူမှာ Senorita သာဖြစ်​မည်​....။

No one but you(မင်းမှမင်းပဲ)Season2[ongoing]Where stories live. Discover now