အခန်း 50

Start from the beginning
                                    

"ကိုယ်တို့သား..ကိုယ်တို့မြေးလေးရဲ့ ပျော်ရွှင်မှု၊စိတ်ချမ်းသာမှုကိုလည်း ကိုယ်တို့ငဲ့ရမယ်လေ မီ...သား က ကလေးလေးတောင် ရနေပြီကွာ..ကိုယ်တို့ရင်အုပ်အောက်မှာ တစ်သက်လုံး သိမ်းထားချင်လို့ ဘယ်ရပါ့မလဲ"

ဦးကောင်းမြတ်စကားကို နားထောင်နေရင်း ဒေါ်မေမီ မျက်ရည်တွေ စီးကျလာပြန်သည်။ဦးကောင်းမြတ်က သက်ပျင်းဖွဖွချကာ ဒေါ်မေမီပခုံးလေးကို နှစ်သိမ့်ပေးသလို ဖွဖွပွေ့ဖက်‌ပေးသည်။

"ကိုယ်တို့လည်း အသက်တွေကြီးလာပြီ...ဒေါသတွေ မောဟတွေ လျှော့ရမယ်လေ...ကိုယ် စိတ်ချမ်းသာအောင် ကိုယ်နေတတ်မှပေါ့"

ဒေါ်မေမီက ဦးကောင်းမြတ်စကားကို တုံ့ပြန်ပြောဆိုခြင်းမရှိဘဲ ဦးကောင်းမြတ်ရင်ခွင်ထဲတွင် တိုးဝှေ့ငိုရှိုက်နေလျက်။

<<<<<<<<>>>>>>>>

"သူဌေးကတော်နဲ့ သခင်လေးကို အိမ်တော်က ကြိုဆိုပါတယ်"

ချမ်း တို့ ကားပေါ်က ဆင်းဆင်းချင်းပင် တန်းစီရပ်ကာ စောင့်ကြိုနေကြသည့် The Sun အိမ်တော် အလုပ်သမားတွေက ခေါင်းညွတ်အရိုအသေပေးကာပြိုင်တူ ဆိုကြသည်။ချမ်း က အပြုံးလေးနဲ့ အားလုံးကို နှုတ်ဆက်ခေါင်းငြိမ့်ပြသည်။နေက ချမ်း လက်လေးကို ဆွဲကာ လက်တစ်ဖက်တွင် ဆန်းလေးကို  ပွေ့ပိုက်ထားကာ အိမ်တော်ထဲ သို့ ခြေလှမ်းသည်။အလုပ်သမားတွေက ကားပေါ်မှ ချမ်းတို့ အထုပ်အပိုးတွေကို သယ်လာကြသည်။

"မြေးလေး.."

ဧည့်ခန်းထဲတွင် စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေသည့် ဒေါ်ငွေခင်က နေတို့ ရောက်လာသည်ကို မြင်သည်နဲ့ ထိုင်ရာမှထကာ နေ့လက်ထဲတွင် ပွေ့ပိုက်ထားသည့် ကလေးလေးကို  ကြည့်ကာ ခပ်တိုးတိုးခေါ်ရင်း အနားရောက်လာသည်။ဆန်းလေးက ဒေါ်ငွေခင်ကို မျက်လုံးမလွှဲပဲ စူးစူးလေးကြည့်သည်။

"မြေးလေးလား....အဘွားပါကွယ်...မြေးလေးရဲ့ အဘွားပါ"

သား ဖြစ်သူနဲ့ချွတ်စွတ်တူလွန်းသည့် ကလေးလေးကိုကြည့်ပြီး ဒေါ်ငွေခင်ကြည်နူးဝမ်းသာမှုကြောင့် မျက်ရည်တို့စီးကျလာရသည်။ဒီမြေးလေးကို မြင်တွေ့ရဖို့ သူမဘယ်လောက်တောင် စောင့်နေခဲ့ရသလဲ။

Falling In Love With My Husband.Where stories live. Discover now