ရိပေါ်အိပ်ပျော်နေတဲ့ကလေးကိုကြည့်ကိုကာမျက်ရည်များကြလာမိသည်။အဲ့အချိန်တုန်ကမကာကွယ်ပေးနိုင်ခဲ့ဘူး။ကလေးကတကယ့်ကိုနာကျင်နေခဲ့မှာ အခုကစပြီးကာကွယ်ပေးမှာမို့ ဘာကိုမှကြောက်နေစရာမလို့တော့ဘူး။နာကျင်စရာတွေကိုမေ့လောက်အောင်ထိလဲချစ်ပေးမှာမို့ ကိုယ်ကိုစိတ်ချလက်ချယုံကြည်လိုက်ပါ။

•••••••••••••••••••••••

ရှောင်းကျန့် နိုးလာတော့ တကိုယ်လုံးကိုင်ရိုက်ထားသလိုနာကြင်နေတာကြောင့် သက်ပြင်းတာချလိုက်မိသည်။သူကိုအခုလိုလုပ်သွားတဲ့ တရားခဲကို ရှာလိုက်တော့ မတွေတာကြောင့် ရှောင်းကျန့်ရင်ထဲ ဝမ်းနည်းသလိုခံစားလိုက်ရသည်။ဘယ်လိုခံစားချက်မှန်းမသိပင်မဲ့ စော်ကားခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်လိုခံစားလိုက်ရသည်။ကိုယ်ကသူ့ကြောင့် တကိုယ်လုံးနာကျင်နေတာတောင်သူကတော့ကိုယ့်ကိုပစ်ထားပြီးဘယ်တွေသွားနေမှနမသိတာကြောင့် မျက်ဝန်းထဲကမျက်ရည်များဟာပါးပေါ်သို့ခုံဆင်ကုန်တော့သည်။အမှန်ရှောင်းကျန့်ကစိတ်ပျော့တဲ့မဟုတ်သလို လွယ်လွယ်နဲ့ငိုတတ်လူမဟုတ်ပင်မဲ့ အခုတော့မျက်ရည်ကအလွယ်လေးကို ထွက်လာနေတော့သည်။

ရိပေါ် ကလေးနိုးလာရင် စားဖို့အတွက်အမဲလိုက်ကာ သောက်ရေယူကာပြန်လာချိန်တွင် နိုးနေတဲ့ကလေးကိုတွေ့လိုက်ရတာကြောင့်ဝမ်းသာအားရပြေးဖက်ရန်ကနိုးနေတဲ့ကလေးကိုတွေ့လိုက်ရတာကြောင့်ဝမ်းသာအားရပြေးဖက်ရန်ကြံ‌နေတုန်းကလေးမျက်နှာပေါ်ကမျက်ရည်များကိုတွေ့လိုက်ရတာကြောင့်လူကချက်ချင်ကို ပြာသွားရသည်။ကလေးနားချက်ချင်းသွားကာပြေးဖက်လိုက်ပြီး

"ကလေးဘာလို့ငိုတာတုန်းဘာဖြစ်လို့လဲ ကလေးရဲ့ ခရေပွင့်လေနာနေလို့လား"

ရှောင်းကျန့် ငိုနေတုန်းရုတ်တရက်ပြေးဖက်ခံလိုက်ရတာကြောင့်ကြောင်သွားပင်မဲ့ရိပေါ်ရဲ့အသံကိုကြားလိုက်ရတာကြောင့်ငိုချင်ရင်လက်နဲ့တို့ဆိုသလိုအသံကျယ်ကြီးနဲ့ရင်ခွင်ထဲဝင်ကာအော်ငိုမိတော့သည်။ထားခဲ့ပြီထင်နေတာ။

"မငိုနဲ့တော့နော်...တိတ်တော့တိတ်တော့"

ရှောင်းကျန့် ရိပေါ် ရဲ့ချော့နေမှုမှာကြောင့်အငိုတိတ်သွားချိန်မှာတော့ အသံပြဲကြီးနဲ့အော်ငိုမိတာကြောင့်ရှက်သွားကာမျက်နှာတွေကောနာရွက်တွေပါပူထူလာတော့သည်။

 My  Warlock (Completed)Where stories live. Discover now