Chapter 48

8.4K 406 13
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 48

"အန်တီ သူမကိုလေတစ်ယောက်ထဲမထားပါနဲ့နော် ညဘက်တွေ ကျွန်တော်ပြန်မလာခင်အထိသူမနဲ့ သွားအိပ်ပေးပါလား ကိုယ်ဝန်သည်ဆိုတော့ လန့်တာတွေဖြစ်မှာဆိုးလို့"

သူ့မိန်းမကို စိတ်မချတာနဲ့ပဲ သူများအတွဲကိုပါခွဲကာ သူမိန်းမနဲ့အိပ်ခိုင်းတဲ့အထိအဖြစ်သည်းနေတဲ့ Mine ကြောင့်သူမမှာ ရီချင်နေရသည်။ဒီလိုပါပဲ လူငယ်တွေဆိုတော့လည်း အခုမှ ကလေးကပထမဆုံးရတာဆိုတော့။သူကသာစိတ်ပူနေတာ သူ့မိန်းမက ခွဲခန်းဝင်ရမယ်ဆိုက အခုဆေးရုံရောက်နေတာ သိရင်တော့။

"ဆောင်းဦးလွင်က အန်တီတူမပါကွယ် သားကလဲ"

"မဟုတ်ဘူး အန်တီ ကျွန်တော်မနေ့ကညကလေ့လာထားတာလေ ကိုယ်ဝန်သည်တွေက နို့ထွက်ပစ္စည်းတွေစားသင့်တယ်တဲ့....ဒါကြောင့် သူမအတွက် နို့ဘီစကစ်လေးတွေ ဝယ်ကျွေးပြီး ပဲနို့လည်း ကုန်ရင်ထပ်ဝယ်ထားပေးပါနော်"

တစ်ဖက်နိုင်ငံကနေ တရားရုံးဝင်ခါနီးပြောနေတဲ့ Mine ကြောင့်သက်ပြင်းချမိသည်။တကယ် ဘယ်လောက်တောင် ချစ်ရှာလည်းမသိပင်မဲ့ တစ်ခါတစ်လေ ကိုယ်တူမကကောင်လေးအပေါ် ကပ်ကပ်လန်မို့ သနားမိသည်။ဆောင်းဦးလွင်သာ ချစ်ကြည့်ဘယ်လောက်တောင် အကဲပိုလိုက်မလဲ။

"သားသူ့ မင်းမှာလည်းအလုပ်ကိုစိတ်ဖြောင့်ဖြောင့်လုပ်စမ်းပါကွယ် ဒီမှာကအေးဆေး"

"ကျွန်တော်သိပါတယ် တရားရုံးကလည်းဝင်ဖို့ 10 မိနစ်လောက်လိုပါသေးတယ်...သူမစားချင်တာကိုလေ အစပ်စားချင်ရင် နည်းနည်းလောက်တော့စားပါစေ"

"အစပ်ကစားတာက ကလေးကိုသွားထိတာ သားရဲ့....တစ်ခါတစ်လေကြ ကလေးဆံပင်မပေါက်တာတွေ ဖြစ်တက်တယ်"

အန်တီပြောတာတွေကို သူမဆီကကိုယ်ဝန်ရှိတယ်ဆိုတာကို မှန်ကန်ကြောင်းအတည်ပြုပြီးကတည်းက ညကသူ့မှာတစ်ညလုံး Google ကနေရှာထားလို့ ဒီအကြောင်းတွေကသိပြီးဖြစ်သည်။ဒါပင်မဲ့ ချဥ်ချင်းတက်တဲ့အခါ စားချင်ရင် ပုံမှန်စားနေကြမဟုတ်တာတောင် ငရုတ်ပါယုံလောက်လေးတော့ အာသာပြေယုံကျွေးသင့်တယ်လို့ထင်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now