ဒီလူကိုဆက်ချစ်နေတာဟာ မှန်ရဲ့လားဆိုတဲ့အသိဟာ အခုတစ်လောမှာ ခဏခဏဝင်မိတယ်။
သူ့အချစ်က ရှေ့ဆက်တိုးလို့မရတဲ့နေရာကနေ ရပ်တန့်နေခဲ့ရင်း တစ်ဝဲလည်လည်ဖြစ်နေခဲ့တာ..
အကိုက သူ့ဆီကိုရောက်ရောက်လာပြီး ဒီအတွေးတွေကို အမြဲအတည်ပြုပေးနေသလိုပဲ..
ငါမင်းကို မချစ်နိုင်ပါဘူးဆိုတဲ့အကြောင်းကို အကြိမ်ကြိမ်သတိလာပေးနေသလိုပဲ....

သူ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး..

"အထက်တန်းပြီးရင်တော့ ရည်းစားထားလို့ရပြီမလား... မပြောနိုင်ဘူး... တက္ကသိုလ်ရောက်ရင် ကျွန်တော် အရမ်းချစ်ရတဲ့သူနဲ့ထပ်ဆုံပြီး ချစ်သူဖြစ်ရင်ဖြစ်မှာပေါ့... "

အကိုက ဘာမှပြန်မဖြေ...
သူ့ကိုကြည့်နေရင်းကနေ မျက်နှာပြန်လွဲသွားပြီး မတ်တပ်ထရပ်တယ်။

"ပြန်ကြတာပေါ့.."

ပြောပြီးတာနဲ့ ခြေလှမ်းကျဲတွေလှမ်းလို့ အရင်ထွက်သွားတယ်။
တကယ်ပါပဲ... ဒီလူ့စိတ်ချည်းပဲ...

ဒီလူအတွေးထဲမှာဘာရှိလဲ လုံးဝခန့်မှန်းလို့မရဘူး...
သူ့အပေါ် ဘယ်လိုခံစားချက်မျိုးရှိတယ်ဆိုတာလည်း မသိဘူး...
အကိုက တကယ်ကိုနားလည်ရခက်တယ်။
မေးခွန်းထုတ်လို့လည်း ရေရေရာရာဖြေမဲ့လူစားမျိုးမဟုတ်ပြန်ဘူး...

သက်ပြင်းချလို့ နောက်ကနေ ခပ်ဖြေးဖြေးပဲလိုက်တော့ ရပ်စောင့်နေရှာပါတယ်။
ဘောင်းဘီအိပ်ကပ်ထဲက သစ်ရွက်ကလေးကိုစမ်းလို့ အတွေးတစ်ခုကို ဆန္ဒပြုမိတယ်။
အမြဲတမ်း သူ့ကို ဒီလိုမျိုးရပ်စောင့်နေပေးရင်ကောင်းမှာပဲ...

------------------------------------

အားလပ်ရက်တဲ့...

ခရီးဆောင်ကျောပိုးအိတ်ကို သေချာလွယ်လို့ မနက်စောစောမှာ ကျောင်းရှေ့ကိုအရောက်လာခဲ့တယ်။

"ဝမ်ရိပေါ်.. ငါတို့ဒီမှာ.."

ရှင်းယီရော ချိုးဟွာပါရောက်နေကြပြီဖြစ်ပြီး အတန်းထဲက လူတော်တော်များများလည်း စုံနေကြပြီ...
ခရီသွားကားလည်း အဆင်သင့်ရပ်စောင့်နေပြီးသား...

"မလာတော့ဘူးလားလို့ စိတ်ပူသွားတာပဲ... ကားထွက်တော့မှာ တက်ရအောင်..."

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now