အပိုင်း (၁၃)

Start from the beginning
                                    

Jennie ဆီက ခွင့်ပြုချက်ကို ကြားလိုက်သည်နှင့် Lalisa ရဲ့မျက်လုံးတစ်စုံတို့အား ဘလင်းဘလင်း တောက်ပသွားခဲ့ပြီး အားမာန်အပြည့်နှင့် လှုပ်ရှားလိုက်တော့သည်။ ထိုတဒင်္ဂဝယ် Jennie ‌မှာ နောင်တရဖို့တောင် အချိန်မမှီလိုက်ခဲ့။

Lalisa က နှုတ်စောင်းထက်သူ မဟုတ်သော်လည်း အပြုအမူနှင့် သက်သေပြတက်သူပင်။ ခုနက ခြေမကိုင်မိ လက်မကိုင်မိဖြစ်လောက်အောင် ကိုးရိုးကားယားနှင့် ရှက်နေရှာသော Lalisa ဟာ လက်တွေ့လှုပ်ရှားရမည့်အချိန်ရောက်သော် တအားဆရာကျလွန်းပါဘိ။ Jennie ခဗျာ Lalisa ရဲ့ လွှမ်းမိုးသိမ်းပိုက်မှုအောက်ဝယ် ပြန်တောင် မတွန်းလှန်နိုင်ရှာ။

Lalisa ရဲ့ပြင်းပြင်းပြပြဆန္ဒအောက်၌ Jennie မှာ နာခံစွာဖြင့် ပါးစပ်ဟပေးလိုက်ရသည်။ ပွတ်တိုက်လိမ်ယှက်နေသော နှုတ်ခမ်းများ၊ လျှာများ၏ အထိအတွေ့က တကယ့်ကို ရင်သပ်လှိုက်မောဖွယ်ရာ။ Jennie မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်များက နိုးထတက်ကြွလာသလိုပင် ခံစားလိုက်ရပြီး မျက်လုံးကို စုံမှိတ်ချလိုက်တော့သည်။ သည်အခိုက်အတန့်၌ ဘယ်သူဦးဆောင်နေလဲဆိုတာကိုပင် မစဉ်းစားနိုင်တော့ချေ။

ဘယ်သူပဲ ဦးဆောင် ဦီးဆောင်၊ ခံစားချက်ကောင်းဖို့က အဓိကပဲ မဟုတ်လား။

အနမ်းပြီးဆုံးပြီးနောက် သူတို့အချင်းချင်း တီးတိုးစကားများ ပြောဖြစ်ကြသည်။ အိပ်သင့်သည့်အချိန် ရောက်လာသောအခါ အခန်းရဲ့ မီးများကို ပိတ်ကာ အိပ်ရန်ပြင်ကြသည်။ ဘေးတွင် လှဲနေသော Lalisa ခဗျာ ဘယ်လိုမှ အိပ်မရ။ ‌ဟိုဘက်လှိမ့်၊ သည်ဘက်လှိမ့်နှင့်။ ငိုက်မျဉ်းနေပြီဖြစ်သော Jennie ကတော့ ဘေးက ဘယ်သူကိုမှ စိတ်မဝင်စားနိုင်။ ဖြစ်နိုင်သမျှ အိပ်ဖို့ရာသာ အဓိကပင်။

Lalisa ဟာ ဘယ်လိုပင် ကြိုးစားပါစေ အိပ်မရသောကြောင့် Jennie နားကပ်ရင်း တိုးတိုးလေး မေးမြန်းတော့သည်။

"နီနီ အိပ်ပျော်သွားပြီလား"

Jennie ဟာ မျက်လုံးပြန်ဖွင့်လိုက်ရင်း စကားတစ်ခွန်းမျှ မဆိုဘဲ Lisa ကို စိုက်ကြည့်ပေးလိုက်၏။ စိတ်မရှည်သော အရိပ်အယောင်များက အထင်းသား။
အကြည့်အား ချက်ချင်းအထာပေါက်သော Lalisa ဟာ အမြှီးလေးကုတ်ရင်း စပ်ဖြဲဖြဲပြုံးပြလိုက်ပါသည်။
"မအိပ်နဲ့ဦး… မအိပ်နဲ့ဦးနော်… ငါ နင့်ကို ပြောစရာရှိလို့ရယ်။ အခုမပြောရရင် တစ်ညလုံး အိပ်ပျော်မှာ မဟုတ်ဘူး"

Who Moved my ashesWhere stories live. Discover now