"ကျိကော ကျွန်တော် ကောကို ရှင်းပြချင်တာလေး ရှိလို့ ..."

လင်းလဲ့ယန်က သူ့အတွေးများကို အစီအစဉ်တကျ ပြန်စီရင်း ပြောလိုက်သည်။

ကျွန်တော်က ခင်ဗျားရဲ့ ပိုက်ဆံတွေကို မက်လို့ အတူတူနေတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် ပြောပြချင်တယ် ခင်ဗျားရဲ့ ပြီးခဲ့တဲ့ လုပ်ရပ်တွေကြောင့် စိတ်လှုပ်ရှားသွားရလို့ ကြင်နာမှုကို ပြန်ပေးဆပ်ချင်လို့ ခင်ဗျားရဲ့ အချစ်ကို တုန့်ပြန်ခဲ့တာ ခင်ဗျား တစ်နှစ်ကို ဘယ်လောက် ဝင်လဲ ကျွန်တော် ဂရုမစိုက်ဘူး ခင်ဗျားနဲ့ အတူတူ ရှိနေချင်ရုံလေးပဲ ...

ရင်ထဲထိရှသွားစေနိုင်လောက်မည့် စကားလုံးများစွာ ရှိနေသော်ငြား ၎င်းတို့ကို မည်သို့ ဖော်ပြသင့်မှန်း မသိတော့ချေ။

ကြင်နာမှုကို ပြန်ပေးဆပ်တယ် ဟုတ်လား ...

ကျိမြန်မှာ တစ်စက္ကန့်ခန့် အေးခဲသွားတော့သည်။ ထို့နောက် လင်းလဲ့ယန်ကို အိပ်ယာထက် ဆွဲချကာ သူ၏ ဖျော့တော့နေသော နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။ လင်းလဲ့ယန်က အကျင့်ပါနေသည့်အတိုင်း အနေအထားပြောင်းဟန်ဖြင့်  ခေါင်းကိုစောင်းကာ ရှောင်ပုန်းရင်း နှုတ်ခမ်းနှစ်လွှာကို ထိတွေ့စေလိုက်သည်။ တောက်ပသည့် မျက်ဝန်းအစုံမှာ ပိတ်ကျသွားပြီဖြစ်သည့်အတွက် မည်သည့်ခံစားချက်ကိုမှ မမြင်နိုင်တော့ချေ။

ချစ်သူစုံတွဲအကြား ခြားနားချက်များကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းမှာ ရှင်းပြခြင်းမဟုတ်၊ အိပ်ယာပေါ် လူးလှိမ့်လိုက်ခြင်းသာ ဖြစ်သည်။ တစ်ကြိမ်ဖြင့် မလုံလောက်ပါလျှင် နှစ်ကြိမ်... ကျိမြန်ကို နှစ်သိမ့်ပေးနိုင်ရန် အလို့ငှာ လင်းလဲ့ယန်က လိုက်လျောပေးဟန်ဆောင်လိုက်သည်။

ခွင့်ပြုပေးတယ် ...

ကျိမြန်က ထိုစကားလုံးများကို တိတ်တဆိတ် ရေရွတ်လိုက်ပြီး အနည်းငယ်ကြာကာမှ လင်းလဲ့ယန်ကို ပြောလိုက်သည်။

"နေ့ခင်းပိုင်းမှာ ရိုက်စရာတွေ ရှိသေးတယ် မဟုတ်လား ကောင်းကောင်းအနားယူလိုက်တော့ ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now