"ဘာတွေ လျှောက်ပြောနေတာလဲ ကောကောက ကျောင်းတောင် မတက်ဖူးဘူး ဒါပေမယ့် တိတိလေးကတော့ ထိပ်တန်းကျောင်းသားကြီးတောင် ဖြစ်နေပြီလေ ..."

ကျိမြန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်ရင်း အင်္ကျီလက်ကို ပင့်တင်ကာ ရှောင်ကျားရှုကို ကွင်းထဲသို့ ခေါ်လာလိုက်သည်။

ရှောင်ကျားရှုက basketball ကို မကစား။  basketball ကသာ သူ့ကို ကစားနေသည်။ ကျိမြန်၏ အကူအညီ ရှိနေ၍သာ ဆိုးဆိုးဝါးဝါး မရှုံးနိမ့်ခြင်းဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်၏ ကစားပုံမှာ မျက်စိမူးနောက်ချင်စရာ ကောင်းလှသော်ငြား အနည်းဆုံးတော့ အရည်အချင်းရှိသူတစ်ဦး ပါနေသေး၍သာ တော်သေးသည်။ အမှတ်တွက်ပြီးနောက် နှစ်ဦးသား လက်ခုပ်လက်ဝါးတီးကာ ခုန်ပေါက်ရင်း ပွေ့ဖက်လိုက်ကြသည်။ ဤဇာတ်ဝင်ခန်းမှာ ဇာတ်ညွှန်းတွင် ဖော်ပြထားသည်ထက် ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းလှသည့်အပြင် ‌လင်ထောင်၏ နူးညံ့နွေးထွေးကာ သက်ဝင်လှုပ်ရှားသည့် ဘက်ခြမ်းကိုလည်း အပီအပြင် သရုပ်ဖော်ပြနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် သူ၏ ကောက်ကျစ်ရက်စက်မှုနှင့် နှိုင်းယှဉ်ပါလျှင် ဇာတ်ကြောင်း၏ ပဋိပက္ခနှင့် လွန်ဆွဲမှုတို့မှာ ပို၍ပင် အားကောင်းလာပေတော့မည်။

ရှောင်ကျားရှုက basketball ကိုသာ အာရုံစိုက်ကာ ကစားနေသည့်အတွက် သရုပ်ဆောင်ရမည်ကိုပင် မေ့လျော့သွားတော့သည်။ ဘေးနားတွင်ရပ်ကာ အတိတ်ကို လွမ်းဆွေးနေဟန်တို့ ပြည့်နှက်နေသော ကျိမြန်၏ အကြည့်တို့ကို မတွေ့ခင်အထိ သတိရမလာသေးချေ။ ကျိမြန်၏ အအူအယာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ စိတ်သက်သာရာ ရသည့်တိုင် အနည်းငယ် ဝန်လေးနေသေးဟန်ပင်။ မည်သို့ပင်ဖြစ်စေ သူ့ညီကို ကြည့်မိလေတိုင်း နူးညံ့နွေးထွေးသည့် အပြုံးတစ်ပွင့်ကိုတော့ ချိတ်ဆွဲထားမြဲဖြစ်သည်။

ရှောင်ကျားရှုက သွေးစွန်းနေသော လက်တို့ဖြင့် လင်ဖုန်း၏ အရိုးပြာကို စုစည်း၍ ‌ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားသော လင်ထောင်ကို တွေးလိုက်သည်။ ထို့နောက် လင်ဖုန်း၏ အလောင်းကို ပွေ့ဖက်ရင်း ရက်စက်ကြမ်းတမ်းသည့် လေသံဖြင့် စကားပြောလာသော "ဆွေမျိုးများအား သတ်ဖြတ်ခြင်း" အခန်းကိုပါ အမှတ်ရသွားတော့၏။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now