ရှောင်ကျားရှုက မှတ်စုစာအုပ်လေးကို ယမ်းပြရင်း ပြောလိုက်သည်။ ထိုထဲတွင် "သရုပ်ဆောင်ဆိုတာ သူတို့ ကိုယ်ပိုင် ဖန်တီးမှုရဲ့ နည်းစနစ်နဲ့ ကိရိယာတွေပဲ" "စိတ်ကူးဉာဏ် မရင့်သန်တဲ့သူက ဘယ်လိုနည်းနဲ့မှ သရုပ်ဆောင် ဖြစ်မလာနိုင်ဘူး" ကဲ့သို့သော လောကျန်းဝေ့ အမှုမဲ့အမှတ်မဲ့ ပြောခဲ့သည့် စကားများဖြင့် ပြည့်နှက်နေသည့်အတွက် လောကျန်းဝေ့မှာ အလွန် ရှက်ရွံ့သွားတော့သည်။

သူက ချောင်းဟန့်ကာ ပြောလိုက်သည်။

"ကောင်ကလေး ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေပေါ်မှာပဲ အာရုံထားမနေနဲ့ စတူဒီယိုထဲမှာတော့ လေ့ကျင့်‌ခြင်းက အကောင်းဆုံး ဆရာပဲ ငါပြောခဲ့တာတွေကို ချရေးထားတာနဲ့စာရင် ရုပ်ရှင်တွေ အများကြီး ရိုက်လိုက်တာက ပိုပြီး အကျိုးရှိတယ် မင်းမှာသာ အချိန်ရှိရင် တိတ်ဆိတ်တဲ့နေရာလေးရှာ ဇာတ်ညွှန်းတွေဖတ်၊ ပြောရမယ့် စာသားတွေကို အပြန်ပြန်အလှန်လှန် ဖတ်ထားပြီးတော့ မင်းရဲ့ ဇာတ်ကောင်ကို ပိုင်နိုင်နေအောင် လုပ်ထား ဒါကိုမှ အချိန်ပိုနေသေးရင် သီအိုရီပိုင်းနဲ့ သက်ဆိုင်တာတွေကို လေ့လာ မင်းရဲ့ ကုမ္ပဏီမှာ သရုပ်ဆောင်အတန်းတွေ ရှိတယ် ဟွမ်ကျိကျင်းက ဆရာလေ သူ့အတန်းတွေ လိုက်တက်ကြည့် သီအိုရီပိုင်းအတန်းတွေကို တက်လိုက်ရင် ဘယ်လို သရုပ်ဆောင်ရမလဲ သိလာလိမ့်မယ် ဒါပေမယ့် ဘယ်လို ကောင်းကောင်းမွန်မွန် သရုပ်ဆောင်ရမလဲဆိုတာကတော့ တကယ် လက်တွေ့ ကြုံမှပဲ သိရမှာပဲ ယေဘုယျအားဖြင့် ပြောရရင်တော့ မင်းရဲ့ အတွေ့အကြုံတွေ ရင့်သန်လာအောင် စာများများဖတ်၊ ပြင်ပဗဟုသုတတွေ ရှာမှီးပေါ့ ..."

ရှောင်ကျားရှုက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ နားထောင်နေရင်း မေ့သွားမည်ကို စိုးရိမ်သည့်အတွက် စာအုပ်ထဲတွင်ပါ ချရေးထားလိုက်သေးသည်။ နေ့ခင်းပိုင်းတွင် သူက ကုမ္ပဏီသို့ ပြန်သွားကာ သရုပ်ဆောင်အတန်းအတွက် စာရင်းပေးခဲ့ပြီး သီအိုရီပိုင်းနှင့် သက်ဆိုင်သည့် စာအုပ်များကိုပါ ဝယ်ယူခဲ့လိုက်သည်။

လောကျန်းဝေ့က သူ့ကို ပြုံးကာ ပြောလိုက်သည်။

"သရုပ်ဆောင်တာရဲ့ အနှစ်သာရကို သဘောပေါက်သွားပြီပေါ့ ဟုတ်လား သွား သွား ဇာတ်ညွှန်းပဲ သွားဖတ်နေ ငါ့နောက် လိုက်မနေနဲ့တော့ ငါ တစ်ခြားသရုပ်ဆောင်တွေကို စကားပြောနေတဲ့ အချိန်မှ ပြန်လာခဲ့ သူများတွေဆီကနေ လေ့လာထား ကြားလား ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Waar verhalen tot leven komen. Ontdek het nu