ဖန်ခွင်းကလည်း သူဆိုလိုချင်သည်ကို သဘောပေါက်သည့်အတွက် သခင်လေးရှောင်လက်ထဲသို့ ဖိုင်ကို ချက်ခြင်းထည့်ပေးလိုက်သည်။

ဖိုင်ကိုတစ်လှည့်၊ လီကျားကို တစ်လှည့် စိုက်ကြည့်ရင်း ရှောင်ကျားရှု၏ မျက်ဝန်းတို့တွင် ရှုပ်ထွေးမှုတို့ ပြည့်နှက်သွားတော့သည်။ သူက ထိုမိန်းကလေး ပြောလာမည့် စကားများကို နားထောင်ချင်သော်ငြား ဤသည်မှာလည်း ရုံးထဲသို့ ရောက်ပြီးနောက် ပထမဆုံး ရလာသည့်တာဝန် ဖြစ်သည့်အတွက် ငြင်းဆန်ရန် ခွန်အားမရှိချေ။  နောက်ဆုံးတွင်တော့ အလုပ်လုပ်လိုစိတ်က လက်စားခြေလိုစိတ်ကို အနိုင်ရသွားတော့သည်။

"အခုပဲ သွားပေးလိုက်ပါ့မယ် ..."

သူထွက်သွားပြီးနောက် ဖန်ခွင်းက ရယ်ကာမောကာဖြင့် ရှင်းပြလာသည်။

"သူက ဒီကို အဆက်အသွယ်ကနေတစ်ဆင့် အပျော်ရှာဖို့ ရောက်လာတာလေ သူ့ကို အာရုံစိုက်မနေနဲ့ ..."

"အစောပိုင်းကတော့ နည်းနည်းလေး ကြောက်မိပေမယ့် ကျိကောရော ခွင်းကောရော ရှိနေတော့ ကြောက်တဲ့စိတ်တွေ တစ်ဖြည်းဖြည်း ပျောက်သွားပါပြီ သိပ်မကြာခင် အသားကျလာမယ် ထင်ပါတယ် ..."

သူမက လက်ကို တင်းတင်းကြပ်ကြပ် ပိုက်ထားရင်း ပြောလိုက်သည်။ သူမ၏ မျက်နှာမှာလည်း သေလုမျောပါး ဖြစ်နေသည်ဟု ထင်ရလောက်အောင်ပင် ဖြူဖျော့နေပေသည်။ ထိုမတော်တဆမှု ဖြစ်ပြီးကတည်းက ယောကျာ်းများအပေါ် ကြောက်ရွံ့စိတ် တိုးပွားလာကာ သူမအပေါ် အထူးတလည် စိတ်ဝင်စားဟန်ပြသည့် ယောကျာ်းများကို များစွာ ကြောက်ရွံ့လာ‌မိတော့သည်။

"ဒီလိုကိစ္စမျိုးနဲ့ အသားကျသွားစရာအကြောင်း မရှိဘူး တကယ်လို့ သူက နှောင့်ယှက်ရဲရင် ငါ့ကို ချက်ခြင်းလာပြောလှည့် ..."

ကျိမြန်၏ အသံမှာ ညင်သာနေသော်ငြား သူ့သဘောထားမှာမူ အားမာန်အပြည့်ဖြင့် ခိုင်မာလှပေသည်။

လီကျား၏ ဖြူဖျော့နေသော မျက်နှာမှာ ပန်းသွေးရောင်တို့ လွှမ်းသွားတော့သည်။

"ကျိကောကို ကျေးဇူးတင်ပါတယ် ဒီရက်ပိုင်းထဲမှာ အများကြီး အနှောင့်အယှက် ဖြစ်စေမိပြီ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မအတွက် ဇာတ်လမ်းတစ်ခု ရှာပေးခဲ့ပေမယ့် အဲဒါကို ငြင်းခဲ့တာ ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Wo Geschichten leben. Entdecke jetzt