All Of My First Things Is You...

1K 90 11
                                        

ဒီနေ့ တက္ကသိုလ် စတက်တဲ့နေ့ နဂိုထဲကတည်ငြိမ်သူမို့ ဘာမှထွေထွေးထူးထူးစိတ်လှုပ်ရှားတာတော့မရှိပါဘူး စိတ်မလှုပ်ရှားဆို ဒီတက္ကသိုလ် က ကျွန်တော့်အဖေပိုင်တာလေ
state ကျောင်းသားဘဝထဲက အဖေရဲ့အရှိန်အဝါကြောင့်ပဲ လူတိုင်းသိတဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ် ကျွန်တော့်ကိုအပေါင်းအသင်းလုပ်တဲ့လူမှန်သမျှကလည်း ငွေမျက်နှာကြောင့်ဆိုတာကို အသက်ရလာတာနဲ့အမျှသိလာခဲ့တယ် ဒါကြောင့်ဘယ်အပေါင်းအသင်းမှမရှိတော့အောင် ကျွန်တော်ရဲ့မာနကိုရှေ့ထုတ်ပြီးဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်တော့ဘူး ကျွန်တော့်ကို တကယ်မခင်ပဲ တကယ်ဂရုမစိုက်ပဲ ငွေတစ်ခုကြောင့် ကျွန်တော့်အနားကိုလာကပ်တဲ့လူမှန်သမျှကို ကျွန်တော်ဟာခါးခါးသီးသီးပြောလွှတ်ပစ်ခဲ့တာချည်းပဲ...

ခုတစ်ခါ တက္ကသိုလ် ကျောင်းသားဘဝမှာရောဘာတွေဘယ်လိုကြုံတွေ့ရမလဲမသိတော့ဘူး.....

ဘုတ် (လွယ်အိတ်ပြုတ်ကျသံ)

'sorry ညီလေး'

sorry တစ်ခွန်းပဲပြောပြီးထွက်သွားသော ထိုအမျိုးသား
ထိုအမျိုးသားနောက် အော်ဟစ်ရင်း  ပြေးလိုက်သွားသောယောကျ်ားလေးတစ်ယောက်
သူကတော့ထိုနေရာမှာတင်မှင်သေသေနေခဲ့ပြီ
သူအခု နှလုံးခုန်သံတွေမြန်နေပြီ လန့်သွားလို့များလား မဟုတ်နိုင်တာ သူဆိုတာဘာကို​ကြောက်တတ်လန့်တတ်တဲ့လူမဟုတ်
ဒါဆို လူတွေပြောပြောနေကြတဲ့ ဆယ်ကျော်သက်အရွယ်ရင်ခုန်မှုတစ်ခုလား
ရယ်သံစွတ်ရင်းပြောသွားတဲ့ တောင်းပန်စကားတစ်ခု လျှပ်တစ်ပြတ် လှည့်ကြည့်သွားတဲ့ မျက်မှန်အောက်ကမျက်ဝန်းတစ်စုံ သူ့သူငယ်ချင်းလားမသိတဲ့လူကို လှမ်းပြီးစနေတဲ့ထိုသူ့ရဲ့အသွင်အပြင် ဘယ်လိုကြည့်ကြည့် ချစ်စရာကောင်းတယ် ပြီးတော့ လှတယ်...
ဒါဟာ ကျွန်တော့်ရဲ့ပထမဆုံး လူတစ်ယောက်ကိုအကောင်းဆုံးမှတ်ချက်တွေပေးခဲ့ဖူးတာပဲ...

🍀🍀🍀

"ဟျောင့် Cheng Ze ငါပြောသားပဲ မင်းသူ့ကိုချစ်နေပါပြီဆို"

"တော်တော့လို့ပြောနေတယ် Jiong Min သူကယောကျ်ားလေး ငါသူ့ကိုချစ်စရာဘာအကြောင်းမှမရှိဘူး"

You've reached the end of published parts.

⏰ Last updated: Aug 19, 2023 ⏰

Add this story to your Library to get notified about new parts!

All Of My First Things Is You...Stories to obsess over. Discover now