Bright  Winအား ဒူးထောက်မတတ်အကြိမ်ကြိမ်တောင်းပန်စကားဆိုနေမိသည်။

"ကျွန်တော် ခများ ဆီမှာ ငရဲဆက်ခံခိုင်းအုံးမလို့လား Khun Bright Vachirawit"

"ဟင်"

Winကတော့ သူ့ အနားက ပြေးထွက်ဖို့ အခိုင်အမာ ဆုံးဖြတ်ပြီးနေပုံပင်။ Bright ဘာစကားမှ ဆက်မဆိုသာဘဲ ခေါင်းငိုက်စိုက်ကျသွားရလေသည်။

"မင်းစိတ်ချမ်းသာဖို့ ကိုယ်လက်လွှတ်ပေးပါမယ် Win"

စကားအဆုံးတွင် သူ့ အခန်းထဲမှာ ထွက်သွားသည့်ကို Win ငေးကြည့်ရင်း နှုတ်ခမ်းပါးလေးကို ဖိကိုက်လိုက်မိလေသည်။
                            🖤🖤🖤

Win ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး  သူ့ကို လှမ်းပေးလိုက်ပြီး

"နှုတ်ဆက်ခဲ့ပါတယ် Bright Vachirawit၊ နောင်အခါများ လမ်းတွေ့ရင်တောင် နှုတ်မဆက်ပါရစေနဲ့"

ခရီးဆောင်အိတ်ကို ဆွဲပြီး ဖြူလွှလွှအရိပ်လေး သူ့အရှေ့မှ ထွက်သွားသည့် အထိ Bright နေရာတွင်သာ မလှုပ်မယှက်  ရပ်မြဲတိုင်း ရပ်လျှက်ပင်။ လက်ထဲမှ Win ထိုးပေးခဲ့သော ကွာရှင်းစာချုပ်ကို ငူငူကြီး ကြည့်ပြီး လုံးချေပစ်လိုက်မိလေသည်။

"မင်းကို ကိုယ် အပြီးတိုင်  လက်လွှတ်လိုက်တာ မဟုတ်ဘူး Win၊ ခဏပါ ခဏ မင်းကိုလွှတ်ပေးလိုက်တယ် ဆိုတာ မင်း သိထားရမယ်"

အနောက်မှ ဖိဘိုက် ဘယ်လိုဖြစ်ကျန်ခဲ့လေသလဲ Win မသိတော့။ Win တက္ကဆီကို ငှားကာ ကားပေါ်တက်လိုက်ပြီး ဗိုက်ရှပ်ရှပ်လေးကို ပွတ်သပ်လိုက်ပြီး

"သွားခွင့် ပြုပါ အားလုံးရဲ့ အဝေးကို"
                                    🖤🖤🖤

"ဘယ်သွားမလို့လဲ"

အဝေးပြေးကားပေါ်တွင် Win ထိုင်နေစဉ် ဘေးမှာ ဝင်ထိုင်လာသော သူကို ကြည့်လိုက်တော့ Dewပင်။  Win တအံ့တသြ ဖြစ်ကာ Dewကို ကြည့်နေစဉ်

"ဟိတ် လူကို ဘာကြည့်နေတာလဲ မမြင်ဘူးလို့လား"

"မဟုတ် မဟုတ်ပါဘူး၊ Win အံ့သြသွားလို့"

Dew နှုတ်ခမ်းကို ယောင်ယောင်လေး ပြုံးရင်း

"ခရီးသွားမဲ့ လူအချင်းချင်း ဒီလိုနေရာမှာ တွေ့တာ ဆန်းသလား Win၊ ငါက ချင်းမိုင်သားလေ ၊ ငါ ချင်းမိုင်ပြန်မလို့"
(ချင်းမိုင်သားလေးနဲ့လက်ထပ်ချင်တာ😑)

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now