အခန်း ၁၅ /တေးကဗျာ

Começar do início
                                    

လျန်သခင်လေးက တကယ်ကို အမြော်အမြင်ရှိသားပဲ။

လူအများကို ထိန်းချုပ်နိုင်သော နေရာတစ်ခုကို တက်လှမ်းသွားနိုင်သူဟာ အတွေ့အကြံများသော ယောကျာ်းတစ်ဦးမဟုတ်ရာ လီဖုချွမ်သည် ခဏကြာအောင် စဥ်းစားနေပြီးနောက် မျက်နှာပေါ်တွ
င် ရှုပ်ထွေးသော အမူအရာတချို့ ပေါ်လာသည်။

"ကျွန်တော်မျိုးလို နိမ့်ကျတဲ့ မိန်းမစိုးတစ်ယော
က်က လျန်သခင်လေးကို ဘယ်လိုများ အတိုက်
အခံလုပ်ဝံ့ပါ့မလဲ"

"အရင်တစ်ခေါက်တုန်းက ကျွန်တော့်ကြောင့် ကုန်းကုန်း အပြစ်ပေးခံလိုက်ရတယ်မဟုတ်လား အနည်းနဲ့အများတော့ မကျေနပ်တဲ့စိတ်မျိုး ကျန်နေအုံးမှာပါ ဒါက ဖြစ်တတ်တဲ့ လူ့သဘာဝပဲမို့ ကျွန်တော် နားလည်ပါတယ် အဲ့ဒီနေ့တုန်းက နေသိပ်မကောင်းသေးလို့ စိတ်ရှုပ်နေတာနဲ့ ကုန်းကု
န်းကို အခက်တွေ့အောင် လုပ်မိသွားတယ်...အဲ့ဒီအတွက် တောင်းပန်ပါရစေ"

ဝေ့လျန်က ရိုးရိုးသားသား တောင်းပန်ပြီး ခေါင်းတစ်ချက် ငုံ့လိုက်သည်။

လီဖုချွမ်မှာ 'ကျွန်တော်မျိုးမခံယူဝံ့ပါဘူး'ဟု တ
ရိုတသေ တုံ့ပြန်တော့မည့်ဆဲဆဲတွင် ဝေ့လျန်က စကားဆက်သည်။

"ပြီးတော့ ကုန်းကုန်း ကျွန်တော့်ကို သတိထားပြီး စောင့်ကြည့်နေတာ အဲ့ဒီနေ့တုန်းက ကိစ္စကြောင့်မဟုတ်ဘဲ ကျွန်တော်က ချူလူမျိုးတစ်ယောက်ဖြစ်နေလို့ အရှင်မင်းကြီးကို အန္တရာယ်ပေးမှာ စိုး
ရိမ်တဲ့စိတ်နဲ့ စောင့်ကြည့်နေတယ်ဆိုတာကိုလည်း သိပါတယ်"

လီဖုချွမ် ဆွံ့အသွားရချေပြီ။ ယခုအချိန်တွင် ဝေ့လျန်ကို သူ ဘာတစ်ခွန်းမှ ပြန်မပြောရဲတော့ချေ။

ဤသည်မှာ ဝေ့လျန်ကို သူမယုံကြည်နိုင်ရခြင်း
၏ အဓိက အကြောင်းအရင်းဖြစ်သည်။

သူသည် ငယ်ရွယ်စဥ်ကတည်းက ချင်ဧကရာဇ်အနားတွင် အမှုထမ်းခဲ့ခြင်းကြောင့် ချင်ဧကရာဇ်အနေနှင့် မည်သို့မည်ပုံ ခက်ခက်ခဲခဲ ကြီးပြင်းလာရကြောင်းကို သူအသိဆုံးဖြစ်သည်။

×××

အသက်ရှစ်နှစ်မပြည့်ခင်အထိ ယွယ့်သခင်လေးနှင့် မယ်တော်ယွင်ကျီတို့ဟာ စွန့်ပစ်ခံနန်းဆောင်တွင်သာ နေထိုင်ခဲ့ရပြီး ကာကွယ်စောင့်ရှောက်ပေးမည့်သူမရှိပါဘဲနှင့် ခက်ခက်ခဲခဲ ရှင်သန်လာခဲ့ရသည်။ သို့သော်လည်း ယွယ့်သခင်လေးမှာ အသက်ကိုးနှစ်အရွယ်တွင် ရုတ်တရက် ထီးနန်းအတင်ခံခဲ့ရပြီး ထိုအချိန်မှစ၍ ရုပ်သေးဘုရင်အဖြစ် ထိန်းချုပ်ခံရကာ နေ့စဥ်နေ့တိုင်း အကြော
က်တရားများဖြင့် နေထိုင်ခဲ့ရသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာOnde as histórias ganham vida. Descobre agora