အပိုင်း ၁၇

Start from the beginning
                                    

"ကိုယ် ကုသိုလ်ယူချင်လို့ပါ မငြင်းပါနဲ့နော်
ဘွား.....ကျနော့်ကို ကုသိုလ်ပေးမယ်မလား"

"အဲ့တာဆို မငြင်းတော့ပါဘူးကွယ်
ဒေါက်တာငယ်လေး ကျန်းမာပါစေ အစစအရာရာချောမွေ့ပါစေ ပြည့်စုံပါစေ
ရေလို့အေးပြီး ပန်းလိုမွှေးပါစေ"

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ့...."

"ကျေးဇူးတင်ပါတယ်ဆရာ..."

"ဟုတ်ကဲ့...ရပါတယ်"

ငွေရဖို့ဘယ်လိုရုန်းကန်ရလဲဆိုတာသေချာသိတဲ့အတွက် သူ့ဆီကပေးတာတွေမယူချင်တဲ့ပုံကိုနားလည်ပေမဲ့....ဘွားကသေချာစားမှအဆင်ပြေမှာမို့ သူ့ဆေးခန်းဝန်ထမ်းလေးအား အားဆေးတချို့ အားဖြည့်အစားအစာတချို့ဝယ်ခိုင်းကာ
လှူပေးလိုက်တော့သည်...သူကတော့
စနေ တနင်္ဂနွေ၂ရက်ထဲသာ လာကြည့်ပေမဲ့
နေ့တိုင်း လုပ်အားပေးဆရာဝန်လေးတွေရှိတာကြောင့် ဒီရပ်ကွက်သူရပ်ကွက်သားတွေအတွက် အလွန်အဆင်ပြေလှသည်...ဆေးဖိုးငွေလည်းမကုန်သလို ဆရာဝန်တွေကလည်းဖော်ရွေလွန်းတာကြောင့် ဆေးခန်းလာတိုင်း သူတို့တတ်နိုင်တဲ့မုန့်လေးတွေ အသီးနှံလေးတွေယူလာပေးတတ်ကြသည်...သဲနုငယ်အတွက်လည်းဒီရပ်ကွက်ကနွေးထွေးသလိုခံစားရတယ်..တခါတလေ ဂုဏ်ပကာသနတွေနဲ့ဝေးရာမှာ ဖြူစင်တဲ့ဆက်ဆံရေးကြားထဲနေရတာ စိတ်ချမ်းသာစရာကောင်းလှသည်မလား.....ကိုယ်ပိုင်ဆေးရုံအပြင် ဒါနဆေးခန်းလေးပါရှိတာကြောင့် အလုပ်များတာမှန်ပေမဲ့....ပါပါးနဲ့မားအတွက်ရည်စူးထားတာကြောင့် သူမခက်ခဲလှ.....

ညနေဆေးခန်းပိတ်တော့ အိမ်အပြန်လမ်းမှာ
အိမ်က တုန်တုန်သဲလေး၂ယောက်ရဲ့အမှာအော်ဒါအားဝင်ဝယ်ရသေးတယ်..
ဖေငယ်ရေ....တူးကလေ ဂျယ်လီလေးစားချင်နေလို့.. ကိုကိုကလည်းသူလိုက်စားပေးမယ်တဲ့..
ဆိုတဲ့စကားနဲ့အတူ သူစားချင်တဲ့ဟာကို သူ့အကိုပါလိုက်စားပေးမှာမို့ ဝယ်ကိုဝယ်လာရမဲ့သဘော
သားကြီးက သမီးငယ်ကို အရမ်းအလိုလိုက်လွန်းသည်....၂မိနစ်ပဲစောမွေးတာဖြစ်ကြောင်း သားကြီးကိုအရင်ဆရာဝန်ကယူလိုက်တာကြောင့် ၂မိနစ်ပဲစောတာဖွဈကွောငျး သားကြီးကခုထိကလေးပဲရှိသေးတာကြောင့် သမီးငယ်ကိုအရမ်းလျော့ပေးစရာမလိုကြောင်း ကလေးမို့ဆိုးချင်ရင်ဆိုးလို့ရကြောင်း သူနဲ့သူ့ပြည့်ကပြောပေမဲ့
မျက်နှာလေးတည်ကာ ဆိတ်ဆိတ်နေပြီး အရင်လိုသူ့ညီမအားအလိုလိုတုန်းပဲဆိုတော့ သူတို့လည်းလက်လျော့လိုက်ရသည်
သားကြီးက ဉာဏ်သိပ်ကောင်းတယ် အရာရာလူကြီးလိုတွေးတတ်တယ် တည်ငြိမ်ပြီးအမှားမဖြစ်အောင်နေတတ်ပေမဲ့ သမီးငယ်ကတော့ ရှပ်ပြာလေးပါ...တခါတလေ သူ့အကိုကို ဝမ်းရေလို့ခေါ်ပြီး ဆုံးမတတ်သေး....စကားကလည်းအရမ်းသွက်တော့ သူ့ကိုဆိုလူတိုင်းကအသဲတယားယား....အမြွှာပေမဲ့ ရုပ်ရောအကျင့်ရောသိပ်မတူကြဘူး...ဒါပေမဲ့ သဲနုငယ်အပေါ်ငဲ့ညာတတ်တာတော့ သိပ်တူကြတယ်...ဂျစ်ချင်ရင်တောင်
အိမ်ကလူတွေကိုပတ်ရစ်တတ်ပြီး သူ့ကိုကျ ဖေငယ် ပင်ပန်းနေတာ နားလိုက်ပါဆိုပြီး အမြဲညှာတာတတ်သူ၂ယောက်....
ဘဝတစ်ကွေ့မှာ ခါးသီးမှုတွေကြားက ရလာတဲ့ ချိုမြိန်ခြင်းလေး၂ခုပါပဲ......

ချစ်ရပါသော သဲငယ်❤Where stories live. Discover now