" ကျွန်တော်တို့လမ်းခွဲခြင်းကိုကောင်းမွန်တဲ့လမ်းခွဲခြင်း
ပဲဖြစ်ချင်တယ် ။ ကျွန်တော်ဟာအို့ကိုချစ်ခဲ့ပါတယ်
အခုတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ကြတာပေါ့ "

ကျန်းဟာအိုရဲ့ အဖြေစကားသံမထွက်လာခင်မှာတင်
ဆောင်းဟန်ဘင်းဟာ သူ့ကိုကျောခိုင်းလို့ထွက်ခွါသွားသလို ကျန်းဟာအိုမှာလဲ လိုက်ဆွဲဖို့ပင်အားအင်တွေ
ကုန်ခမ်းနေပါပြီ ။

ဟန်ဘင်းဟာ တကယ်ကိုချစ်သူကောင်းတစ်ယောက်
ထက်ပိုပြီး သူ့အပေါ်ကြင်နာခဲ့ပါတယ် ။ အရာရာလိုလေသေးမရှိ အဘက်ဘက်ကပြည့်စုံအောင်ဂရုစိုက်ပေးခဲ့တဲ့
လူတစ်ယောက်ဖြစ်ပါသည် ။

ထိုသူကို သူ့ဘက်ကစပြီးချစ်ခဲ့ရတာ သုံးနှစ်တိတိပြည့်တဲ့
နေ့မှာဘဲ သူနဲ့ချစ်သူတွေဖြစ်ခွင့်ရခဲ့တာ ။ ကျန်းဟာအိုနဲ့
အသက်တစ်နှစ်လောက်ပဲ ကွာသော်ငြားလည်း ဟာအို့
အပေါ်အမြဲအလျှော့ပေးကာ အလိုလိုက်ခဲ့သည်ချည်း ။

အဲ့လိုတွေများအဆင်ပြေခဲ့ရက်နဲ့ ဆောင်းဟန်ဘင်း
ဘာကြောင့်သူ့အားလမ်းခွဲစကားပြောလဲဆိုတာဟာ
ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာမလိုအပ်ခဲ့ ။

ကျန်းဟာအိုနဲ့ဆောင်းဟန်ဘင်းဟာ လုပ်ငန်းချင်းမတူ
သည့်အပြင် တစ်ယောက်အားတဲ့အချိန်တွင်အခြား
တစ်ယောက်က အလုပ်တွေနှင့်ရှုပ်နေခဲ့တာမလို့
တက္ကသိုလ်ပြီးတည်းက နှစ်ယောက်သားမှာနှစ်ပတ်
လည်တွေမှာတောင် အတူတူမဖြတ်သန်းနိုင်ခဲ့တဲ့
နှစ်ဟာ လက်ချိုးရေလို့ပင်ရနေပြီဖြစ်သည် ။

ယောကျာ်းလေးဖြစ်သည့် ကျန်းဟာအိုက
ဆောင်းဟန်ဘင်းအပေါ်များများစားစားလုပ်ပေး
နိုင်တာလဲ မရှိသည့်အတွက် အမြဲတမ်းဒီလိုနေ့မျိုးကို
တွေးပူပြီးဖြတ်သန်းနေခဲ့ရပေမဲ့ လက်တွေ့မှာတော့
တကယ်ကြီးကိုပဲ ဖြစ်လာခဲ့ပါတယ် ။

လေးနှစ်ဆိုတဲ့အတိုင်းအတာအတွင်းမှာ ဆောင်းဟန်ဘင်း
ကကျန်းဟာအိုအပေါ် တာဝန်တစ်ခုပျက်ကွက်ခဲ့ခြင်း
မရှိပေမဲ့ ကျန်းဟာအိုကဒါတွေကို သူ့ကိုချစ်လို့
အလိုလိုက်ခဲ့တာဟုသာထင်ခဲ့သည် ။

တကယ်တမ်းက ကျန်းဟာအိုဟာ သူ့အတွက်တာဝန်ကြီး
တစ်ခုလိုမျိုးဖြစ်နေခဲ့သလား ။

Out Of the WoodsWhere stories live. Discover now