I

202 14 1
                                        

ဒီနေ့ သူတို့Debutတာ ရက်၁၀၀ပြည့်တဲ့နေ့၊
သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်လာနိုင်ခဲ့တာမလို့ အရမ်းပျော်ပါသည်

ဧည့်ခန်းရဲ့ဆိုဖာပေါ်မှာ Ipadကိုကိုင်ပြီး သူတို့ရဲ့ဖျော်ဖြေမူ၊ Fanတွေရဲ့ အားပေးနေမူတွေကိုကြည့်ပြီး ကျန်းဟာအိုတစ်ယောက် အကျေနပ်ကြီး ကျေနပ်နေတာပဲဖြစ်တယ်

"ဟာအိုဟျောင်းးးး" ဆိုတဲ့ ကလေးကိုချစ်စနိုးခေါ်တဲ့အသံမျိုးနဲ့ ခေါ်လာတဲ့ ပတ်ဂွန်းနုတစ်ယောက်က သူ့ဘေးမှာ ဝင်ထိုင်လာတယ်

အဲ့ကလေးဟာလေ ထိုင်တာကို ရိုးရိုးမထိုင်၊ သူ့ဘေးနားရောက်လာရင် တစ်ခါထဲ သူ့ပုခုံးပေါ်လက်တစ်ဖက်တင် ဆွဲဖက်ပြီးသားပါပဲ၊ လူကိုမြင်တာနဲ့ ပုခုံးဆွဲဖက်လိုက်၊ ခါးကနေဆွဲဖက်လိုက်နဲ့ ပတ်ဂွန်းနုတစ်ယောက်ဟာလေ ခုတလော စကင်ရှစ်တော်တော်ကြိုက်လာတာပဲဟု ဟာအိုတွေးမိသည်

"ရားး ပတ်ဂွန်းနု ငါကမင်းထက်အများကြီး ကြီးပါတယ်နော်၊ အကြီးကို Baby Toneနဲ့ပဲ ခေါ်နေတော့မှာလား"

"အိုက်ဂူး ကျွန်တော့်ရဲ့ ဟာအိုဟျောင်းက ဘာလုပ်လုပ်၊ ဘာပြောပြော ဘေဘီလေးလို ချစ်ဖို့ကောင်းနေတာကို၊ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့နော်၊ ဟျောင်းက ချစ်ဖို့ကောင်းလွန်းလို့သာ" ပတ်ဂွန်းနု တစ်ယောက်ပြောရင်းဆိုရင်း ဟာအိုရဲ့ ပါးတွေကို သူ့လက်တစ်ဖက်နဲ့ ဆွဲညှစ်လာပါတယ်

ဒီကလေး ပြောလေဆိုးလေ၊ ပတ်ဂွန်းနုတစ်ယောက် ခုတလော ဂယူဘင်းနဲ့အနေများ၊ ဂယူဘင်းကိုမြင်ပါများပြီး အကျင့်တွေ ကူးလာပုံရသည်၊ စကင်ရှစ်စပယ်ရှယ်ကြိုက်နေပါသည်လေ၊ ဟာအိုလည်း ချစ်ဖို့ကောင်းလွန်းတဲ့ ညီလေးကို လုပ်ချင်ရာသာလုပ်ဖို့ပဲ လွှတ်ထားလိုက်ပါတော့တယ်၊

*_________*_________*_________*

ပတ်ဂွန်းနုအတွက် ဟာအိုဟျောင်းဆိုတာ အရမ်းတော်တဲ့အကို၊ ဟာအိုဟျောင်းသာဆို မလုပ်နိုင်တဲ့အရာမရှိလို့ ယုံကြည်မိတဲ့အထိ အထင်ကြီးလေးစားမိတဲ့အကို၊ ဂွန်းနုအပေါ်ကိုလည်း ကောင်းကောင်းဂရုစိုက်ပေး၊ ကောင်းကောင်းနားထောင်ပေးတတ်တဲ့ အရမ်းချစ်ဖို့ကောင်းတဲ့အကိုပါ၊
ဟျောင်းက စိတ်ဆိုးလို့အော်တဲ့အသံလေးကပါ အရမ်းချစ်ဖို့ကောင်းလွန်းလို့၊ သူ့ကိုဆူရင်တောင် သဘောကျ၊ ကျေနပ်တတ်နေတဲ့ ပတ်ဂွန်းနုပါ၊

You've reached the end of published parts.

⏰ Last updated: Aug 20, 2023 ⏰

Add this story to your Library to get notified about new parts!

Brother To Lover Stories to obsess over. Discover now