Chapter 43

7.7K 375 9
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 43

"အဲ့ကောင်အကြောင်း ကိုယ်သိချင်တယ် ပူတူးကိုပြောပြလား"

"သူကကျွန်မကို သူအကြောင်းပြောရအောင် သူကကျွန်မလင်လား!"

သူမကို ချစ်လို့သဝန်တိုတာကို နားလည်သည်။ဒါပင်မဲ့ သူက သဝန်တိုတာနဲ့မတူပဲ တစ်ခြားယောကျာ်းတွေအားလုံးကို သူမအပေါ်မကောင်းတဲ့အကြည့်တွေ နဲ့ကြည့်တယ်ထင်နေသည်။

ဒီနေ့လည်း ဆေးရုံလိုက်လာပြီး ပြောမရဆိုမရသူမကို အခန်းထဲခေါ်သွင်းကာ ပြန်ခါနီးတောင် သူမမှာဆိုင်သူရှိကြောင်းသိအောင်တဲ့ လည်ပင်းမှာ အနီကွပ်ထင်အောင်စုပ်သွားသေးသည်။သူမမှာ အိမ်ထောင်သည်မို့အရွဲ့တိုက်ပြီး ဒီအတိုင်းအပြင်ထွက်လို့ရပင်မဲ့ အခုအချိန်မှာ သူကသေချင်ယောင်ဆောင်နေရတာမဟုတ်လား သူမလည်ပင်းကဟာကို တစ်ခြားသူတွေမြင်ရင် ယောကျာ်းမရှိတာ တစ်လတောင်မကြာသေးဘူး နောက်တစ်ယောက်ရှိနေပြီဆိုတဲ့စကားတွေသူမမကြားချင်။

အခုလည်း အိမ်ပြန်ရောက်တယ်ဆို ကိုစေညွှန်းရာ အကြောင်းမေးနေပြန်တာကြောင့် ဒေါသကထွက်လာရသည်။စေညွှန်းရာကဆို​ြတဲ့လူကို သူနဲ့တူတာကလွဲသူမကျန်တာ သိတာမဟုတ်။မသိရင်ပဲ သူမေးနေတဲ့ပုံက အတွင်းသိအဆင်းသိတွေကြနေရော။

"မင်းလင်ကငါလေ !"

သူမကရွဲ့ပြောတော့လည်း သူကမကြိုက်။သူမလည်း သဝန်တိုနေတဲ့သူကို စချင်နောက်ချင်စိတ်နဲ့ပြောလိုက်ပင်မဲ့ ဒင်းကအတည်စိတ်ကောက်သွားကာ ကုတင်ခြေရင်းမှာနှစ်ယောက်အတူထိုင်နေရာက သူကထရပ်ပြီး သူမကို ပြောတာကြောင့် သူမလည်းကုတင်ပေါ် မက်တပ်ရပ်လိုက်တော့ သူထပ်ခေါင်းတစ်လုံးစားသွားရသည်။

"ကျွန်မကိုပြောတာမဟုတ်လို့လား ကိုယ်လင်အကြောင်းတောင် ကိုယ်ကုန်အောင်မသိတာ သူ့အကြောင်း သိစရာလား"

"ကိုယ့်အပေါ် ကြိုက်သလောက်ဆိုး သည်းခံနိုင်တယ်နော် တစ်ခြားသူနဲ့ပက်သက်ဖို့ စကားနဲ့တောင်မပြောရဘူး ကိုယ်စိတ်ထဲလူသတ်ချင်စိတ်ဖြစ်တယ်"

"သည်းမခံနိုင်တော့ ဘာလုပ်ချင်လဲ ဟမ်!"

Mine ကုတင်ပေါ်ကနေ မက်တပ်ရပ်လျက်နဲ့ သူ့ကိုစိန်ခေါ်နေတဲ့ ပူတူးကြောင့် သူခါးထောက်ကာ မော့ကြည့်လိုက်တော့ သူမကသူ့ကို မဲ့ပြသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now