I don't date a boy

172 17 13
                                    





' ငါတို့နှစ်ယောက် လမ်းခွဲကြရအောင်'

' ဟမ် ဘာလို့လဲ'

'ငါ့မှာ အစကတည်းက ချစ်သူရှိတယ်။ သူနဲ့ ရန်ဖြစ်ထားတုန်း သူ့ကိုရွဲ့ချင်လို့ နင်နဲ့ dating app မှာတွေ့ပြီး တွဲမိတာပါ။ ဒီထက်ပိုပြီး ကိုယ့်ကိုယ်ကို မလိမ်ချင်တော့လို့ ဒီမှာပဲ ရပ်လိုက်ကြရအောင်'

ဒီလိုနဲ့ပဲ အခြေမခိုင်သေးတဲ့ သူတို့ရဲ့ ဇာတ်လမ်းက လွယ်လွယ်ပဲပြီးဆုံးသွားပါတယ်။ အစကတည်းက နင့်နင့်နဲနဲ ချစ်ခဲ့တာမဟုတ်ပဲ အပျော်တွဲခဲ့တာပဲမို့လို့ ထူးပြီးတော့ မခံစားရပါ။ ဒါပေမယ့်လည်း ကိုယ်က ရည်းစားနှစ်ယောက်ကြားက အဖြည့်ခံလို ဖြစ်သွားတာမို့ လှည့်ထွက်လာခဲ့သည့်တိုင် ရင်ထဲမှာ အောင့်သက်သက်။

' ကောင်းကျိုးမပေးတဲ့ စောင် RS တွေ။ ငါ့ဟာငါနေနေတဲ့ဟာကို လာကစားသွားတာ။ ဘာစားစား ဝမ်းချုပ်ပါစေ'

လွန်ခဲ့တဲ့ တစ်ပတ်ကမှ သူ့ကို သူငယ်ချင်းတစ်ယောက်က dating app မှာ profile တင်ပေးလိုက်လို့ နေရင်းထိုင်ရင်း ရည်းစားလေး တစ်ယောက် ရသွားပါတယ်။ အတည်ကြံတော့မယ်ပြင်ကာမှ ဒင်းက အဆက်ဟောင်းနဲ့ ပြန်ပေါင်းထုပ်သွားသတဲ့။ ကောင်းတာပေါ့။ လက်ဆောင်ပေးဖို့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့ ပူပူနွေးနွေး ဝယ်လာတဲ့ Dior ရေ‌မွှေးလေး အိမ်က အစ်မကိုပဲ ပြန်ရောင်းလိုက်တော့မယ်။

စိတ်ထဲက မကျေနပ်သည်များကို နှုတ်မှ စိတ်ကြိုက်ပေါက်ကွဲပြီးနောက် လမ်းမှာတွေ့သည့် convenience store မှ သွားရည်စာမုန့်နှင့် ဘီယာပုလင်း‌တွေဆွဲကာ အိမ်ကိုပဲချီတက်ခဲ့ပါတယ်။ အသည်းကွဲခေါင်းစဉ်အောက်မှာ သောက်စရာ အကြောင်းပြချက်တစ်ခု တိုးသွားတာပေါ့လေ။

အဲ့အချိန်မှာပဲ သူ့နားထဲဝင်လာတဲ့ အသံတစ်ခု။

' ရွှတ်...ရွှတ်...ရွှတ်'

‌စိတ်ထဲမှအခဲမကျေတာကြောင့် ဘောက်ဆတ်ဘောက်ဆတ် လျှောက်လာတဲ့ သူ ရပ်ကွက်နားရောက်တော့မှ လမ်းထိပ်ဝက်သစ်ချပင်အောက်နားမှာ ငိုသံသဲ့သဲ့ကြားလိုက်ရလို့ ကြက်သီးမွေးညင်းတွေထကုန်တော့တယ်။ လူလား။ သရဲလား။

I don't date a boyWhere stories live. Discover now