အပိုင်း (၁၃) Unicode

Start from the beginning
                                    

လျိုရိက ခပ်ဆိတ်ဆိတ်သက်ပြင်းချလိုက်ရင်း ယခင်က အစ်ကိုကြီးသွမ့်၏ပုံစံမှာ ယခုလိုမဟုတ်ကြောင်းတွေးနေမိသည်။ လွန်ခဲ့သောနှစ်ဝက်မှစ၍ .....

"ကျွန်တော်မလာခင် အစ်ကိုကြီးလုရဲ့အုတ်ဂူကို အရိုအသေပေးခဲ့သေးတယ်"

သွမ့်လင်က ခေါင်းအသာညိတ်လိုက်ပြီး တခဏတိတ်ဆိတ်နေသည်။ ထို့နောက်မှ ပြောလာ၏။

"အွန်း၊ သူနဲ့မင်းက အတော်ရင်းနှီးတာပဲလေ။ မင်းကိုတွေ့ရတော့ သူလည်းဝမ်းသာမှာပါ။"

"ကျွန်တော် အဲဒီတုန်းက ဆရာသခင်နဲ့ လော့ယန်ကို လိုက်သွားမိလို့ အစ်ကိုကြီးလုကို နောက်ဆုံးအနေနဲ့တောင် မမြင်လိုက်ရဘူး"

သွမ့်လင်က ထိုအကြောင်းကို ဆက်မပြောချင်တော့သဖြင့် ဓားကိုသိမ်းလိုက်ပြီး လျှောက်လာသည်။

"အိမ်ထဲဝင်ထိုင်ဦးလေ"

သွမ့်လင်နေသည့်အိမ်က အသစ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး မက်မွန်တောအုပ်နံဘေးတွင် ကပ်လျက်တည်ရှိသည်။ နွေဦးရာသီဆိုလျှင် ပြတင်းတံခါးတစ်ချက်ဖွင့်လိုက်သည်နှင့် မက်မွန်ပန်းများကို မျက်စိတဆုံးမြင်တွေ့နိုင်မည်ဖြစ်သည်။

သွမ့်လင်က ဓားသိုင်းကျင့်ထား၍ ချွေးစိုနေသဖြင့် အဝတ်အစား အရင်လဲသည်။ ထို့နောက် လျိုရိကို ရေနွေးကြမ်းဖြင့် ဧည့်ခံ၏။

"ဒီကို ဘယ်လိုရောက်လာတာလဲ"

"တစ်နေ့တစ်နေ့ တောင်ပေါ်မှာပဲ ဓားသိုင်းကျင့်နေရတာ ပျင်းလွန်းလို့သေမလိုပဲ။ ဖြစ်ချင်တော့ အစ်ကိုကြီးသွမ့်နေတဲ့တောင်ကြားနဲ့က နီးတာနဲ့ ရက်ပိုင်းလောက် အနားယူဖို့ထွက်လာလိုက်တာ"

ရာသီဥတုက ပူပြင်းလွန်းလှသည်။ လျိုရိက လက်ဖက်ရည်ကြမ်းကို တစ်ကျိုက်တည်းမော့လိုက်ပြီး ဆက်ပြော၏။

"ဒီကိုလာရင်း လမ်းမှာ အမှုတစ်ခုထပ်ဖြစ်တဲ့အကြောင်း ကြားခဲ့သေးတယ်"

"အော?"

"ဒီတစ်ခါက ကျင်းလင်အိမ်တော်ရဲ့ ဒုတိယသားတဲ့။ ကြားမိတာတော့ အဲဒီလူက အပျော်အပါးလိုက်စားတတ်တယ်တဲ့လေ။ အမှုဖြစ်တဲ့ညကလည်း လှေပေါ်မှာ ပျော်ပါးနေတာ။ နောက်နေ့မနက်လည်းကျရော သေနေပြီတဲ့။ သူလည်း အရင်လူတွေရဲ့ သေပုံသေနည်းအတိုင်းပဲ ခေါင်းဖြတ်ခံထားရတယ်။"

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now