Chapter 42

7.9K 390 5
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 42

Mine နိုးနေကြအချိန်အတိုင်းနိုးလာရကာ သူရင်ခွင်ထဲက ကလေးပေါက်စလေးကို ကြည့်ကာ ကြည်နူးစရာလေးပင်။သူကိုခြေထောက်နဲ့ခွထားတဲ့အပြင် လက်လေးကလည်း သူ့ခါးကိုဖက်နေတာတင်းကျပ်နေတာကြောင့် သူအိပ်ရာက ထချင်တာတောင်ထလို့မရ။

"ဟွန်း ကိုယ်ထက်ပျောက်သွားမှာ တော်တော်ကြောက်နေပုံပဲ ဒီကလေးက"

ပြောရင်း သူ့ခါးကိုဖက်ထားတဲ့လက်တွေကို ဖယ်ချတော့ သူကိုအိပ်နေရာက ခေါင်းတောင်ကြည့်ပြီး.....

"အိပ်ရေးပျက်ရက်တွေ ရှင့်ကြောင့်များထားတာ ခဏလေးနေဦး ငြိမ်ငြိမ်နေ!"

ဆိုတာကြောင့် သူမရဲ့အမိန့်တော်အတိုင်းသူမှာပြန်ငြိမ်နေရသည့်အဖြစ်။တကယ်လည်း သူမလေးအိပ်ရေးပျက်တာ အနည်းငယ်ချောင်သွားတဲ့ မျက်နာလေးကိုကြည့်တာနဲ့ သိသာလှသည်။

ဒီလိုဖြစ်တာက ကိုယ်ကြောင့်လို့တွေးမိရင်း စိတ်မကောင်းပင်မဲ့ တစ်ဖက်ကလည်းသူမအသက်ကိုကာကွယ်နိုင်တာကြောင့် ကျေနပ်ရသည်။သူမလေး အသက်အန္တရာယ် နဲ့ ဘာထိခိုက်ဒဏ်ရာမှမရရင် သူကျေနပ်ပြီ။သူရင်ခွင်ထဲပြန်အိပ်ပျော်နေတဲ့မျက်နာလေးက ဖြူစင်လွန်းလှသည်။

သူမကို တစ်ခြားသူအမြင်ကိုသူဘယ်လိုမြင်မြင်ဂရုမစိုက်ပေ။သူမျက်လုံးထဲမှာတော့ သူမက အရမ်းကို ဖြူစင်တဲ့ ကလေးတစ်ယောက်လိုပင်။ပြောချင်တာဆိုရင် ရှေ့မကြည့်မောက်မကြည့်ပြောတက်တက်တာက တကယ်ကလေးလိုပင်။

"မင်းအတွက်ဆို တစ်ကမ္ဘာလုံးကလူယုတ်မာလို့သတ်မှတ်ရင်တောင် ကိုယ်လုပ်မှာ"

သူမအတွက်ဆို အိမ်ထောင်စကျကာစက သူမအမှုမဖြစ်ခင်က လူတစ်ယောက်က ဒဏ်ရာရသလို နဲ့ သူမကို ဆေးရုံကအခန်းအတွင်းမှာ လက်ကိုကိုင်လိုက်တာကို Oliver ကဘယ်လိုအဓိပ္ပာယ်မျိူးနဲ့ ပြတယ်ဆိုတာသိပင်မဲ့ အဲ့နေ့ကသူမကို နေ့လည်စာပို့တာနောက်ကျခဲ့တာက........

သူမ နဲ့ အဲ့လူမြင်ကွင်းမြင်ပြီး အဲ့လူအဲ့အခန်းထဲကထွက်လာတာကို မြင်ကတည်းက သူမနောက်ပြန်လှည့်သွားပြီး ကာပါကင်ကနေကြိုစောင့်နေကာ သူကားထဲထိုင်စောင့်နေရာက သူကားရှေ့ကဖြတ်သွားတဲ့လူကို မြင်တယ်ဆို ခဏစောင့်ကာ အရှိန်နဲ့ ထိုလူကို အနောက်ကနေ ကားနဲ့တိုက်လိုက်တဲ့သူကို သူပင်။ကားနဲ့တိုက်ပြီး လဲသွားတာကိုတောင် သူမကျေနပ်နေသေးပဲ ပက်လက်လှန်ကြသွားတဲ့လူရဲ့ ဘယ်ဘက်လက်ကို ကားကိုနောက်ပြန်ဆုတ်ကြိတ်ပစ်လိုက်သေးသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now